DVB Logo
Home
မြန်မာသတင်း
နောက်ပြန်ဆုတ်သွား​နိုင်တယ်ဆိုတာ မ​မေ့​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော
DVB
·
May 16, 2012
နောက်ပြန်ဆုတ်သွား​နိုင်တယ်ဆိုတာ မ​မေ့​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြော
Donate to DVB

စီး​ပွား​ရေး​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေ ဆိုင်း​ငံ့​လိုက်တာကို မကန့်​ကွက်​ပေမယ့်​ မြန်မာ့​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်​တွေဟာ ​နောက်ပြန် ဆုတ်သွား​နိုင်တယ် ဆိုတာကို မ​မေ့​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က တိုက်တွန်း​ ​ပြောဆိုလိုက်ပါတယ်။

[caption id="attachment_25486" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည် Skype အင်တာနက် ဗွီဒီယိုကတဆင့် ပါဝင်ဆွေးနွေးစဉ်"][/caption]

မေ ၁၅ ရက်​နေ့​ မနက်ပိုင်း​က အ​မေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အ​မေရိကန် သမ္မတ​ဟောင်း​ George W. Bush ကြီး​မှူး​ကျင်း​ပတဲ့​ ​ဆွေး​နွေး​ပွဲတခုမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က Skype အင်တာနက် ဗွီဒီယိုကတဆင့်​ ပါဝင်​ဆွေး​နွေး​ခဲ့​ပြီး​ တက်​ရောက်လာသူ​တွေကို အခုလို ​ပြောကြား​လိုက်တာပါ။

“စီး​ပွား​ရေး​ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေကို ဆိုင်း​ငံ့​ပေး​တာဟာ လက်ရှိအ​ခြေအ​နေမှာ သင့်​တော်တဲ့​ ကိစ္စဖြစ်တယ်လို့​ အ​မေရိကန်နိုင်ငံသား​တွေ ယူဆတယ်ဆိုရင် ကျမအ​နေနဲ့​ မကန့်​ကွက်ပါဘူး​။ လူ​တွေဟာ မြန်မာနိုင်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေအ​ပေါ် သိပ်ကိုအ​ကောင်း​မြင်လွန်း​ကြတယ်လို့​ ကျမ တခါတ​လေ ခံစား​မိတယ်။၊​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီအသွင် ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်​တွေဟာ ​နောက်ပြန်ဆုတ်သွား​နိုင်တယ်ဆိုတာကို မ​မေ့​သင့်​ပါဘူး​။ စစ်တပ်အ​နေနဲ့​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ကို ​လေး​လေး​နက်နက်နဲ့​ ထိထိ​ရောက်​ရောက် ​ဆောင်ရွက်သွား​မယ်ဆိုတဲ့​ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ မချမချင်း​ ဒီမိုက​ရေစီအသွင်​ဖော်​ဆောင်​ရေး​ဟာ ​နောက်ပြန်ဆုတ်လို့​မရဘူး​လို့​ ဘယ်​တော့​မှ မ​ပြောနိုင်ဘူး​ဆိုတာ ကျမပွင့်​ပွင့်​လင်း​လင်း​ ​ပြောခဲ့​ပြီး​ပါပြီ။”

အခမ်း​အနား​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ကိစ္စ​တွေ၊​ ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ ကိစ္စ​တွေနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ကိစ္စရပ်​တွေကိုလည်း​ ​ဆွေး​နွေး​ပြောဆိုသွား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013