DVB Logo
Home
ဆောင်းပါး
ကြံ့​ခိုင်​ရေး​ပါတီ ဒုတိယအကြိမ် အရှက်ရဦး​မလား
DVB
·
May 16, 2012
ကြံ့​ခိုင်​ရေး​ပါတီ ဒုတိယအကြိမ် အရှက်ရဦး​မလား
Donate to DVB

ပြီး​ခဲ့​တဲ့​ အပတ်က ကြံ့​ခိုင်​ရေး​ပါတီ​ခေါင်း​ဆောင် ဦး​ဌေး​ဦး​နဲ့​ ဦး​အောင်သိန်း​လင်း​တို့​က သူတို့​ပါတီကို ​အောက်​ခြေက​နေစ ​ရွေး​ကောက်တင်​မြှောက်ခြင်း​ နည်း​လမ်း​နဲ့​ ပြန်လည်ဖွဲ့​စည်း​တာ​တွေ လုပ်​တော့​မယ်လို့​ ထုတ်ပြန်​ကြေညာခဲ့​ပါတယ်။ အား​လုံး​သိကြတဲ့​အတိုင်း​ ကြံ့​ခိုင်​ရေး​ပါတီဟာ ပြီး​ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်တုန်း​က မဲဆန္ဒနယ် ၄၄ ​နေရာမှာ အန်အယ်လ်ဒီ အပါအဝင် အခြား​ပါတီအမတ်​တွေနဲ့​ ဝင်​ရောက်ယှဉ်ပြိုင် အ​ရွေး​ခံခဲ့​ရာမှာ ရာနှုန်း​ပြည့်​ အရှုံး​ကြီး​ရှုံး​ခဲ့​ပြီး​ အရှက်ကြီး​စွာရခဲ့​ပါတယ်။ အရှက်ရမယ်ဆိုလည်း​ ရ​လောက်ပါတယ်။ ဒီ လစ်လပ် မဲဆန္ဒနယ်​တွေဆိုတာဟာ လက်ရှိ အစိုး​ရအဖွဲ့​အကြီး​အကဲ သမ္မတ၊​ ဒု-သမ္မတ၊​ ဝန်ကြီး​နဲ့​ ဒုဝန်ကြီး​တွေအပါအဝင် အရင် စစ်အစိုး​ရ ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေရဲ့​ အမာခံမဲဆန္ဒနယ်​မြေ​တွေချည်း​ ဖြစ်လို့​ပါ။ ​ရွေး​ကောက်ပွဲကို ဒီမိုက​ရေစီနည်း​ကျ လွတ်လပ်တရား​မျှတစွာ ကျင်း​ပ​ပေး​လိုက်တဲ့​အခါ အ​ဖြေမှန်​ပေါ်ပြီး​ အရှက်ရသွား​စေတာမျိုး​ပါ။ ​ဟော ခုလည်း​ ကြံ့​ခိုင်​ရေး​ပါတီကို ​အောက်​ခြေက​နေ ဗဟိုအထိ ဒီမိုက​ရေစီနည်း​ကျ ပြန်လည်ဖွဲ့​စည်း​သွား​ဦး​မယ်လို့​ ဆိုလာပြန်ပါပြီ။ ဒီပါတီကို အခုလိုအချိန် ဒီမိုက​ရေစီနည်း​ကျ ပွင့်​လင်း​မြင်သာ​အောင် ပြန်လည်ဖွဲ့​စည်း​ခဲ့​မယ်ဆိုရင် ပါတီတွင်း​ တကယ်ဖြစ်ပျက်​နေတဲ့​ အ​နေအထား​တွေ ​ပေါ်လွင်သွား​ပြီး​ ဒုတိယအကြိမ် အရှက်ရစရာ ဖြစ်လာ​လေမလား​ ဆိုတာ စဉ်း​စား​တွေး​တောစရာ ဖြစ်လာပါတယ်။

အား​လုံး​သိပြီး​ဖြစ်တဲ့​အတိုင်း​ ကြံ့​ခိုင်​ရေး​ပါတီ ဖြစ်လာမယ့်​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​အသင်း​ကို နဝတ စစ်အစိုး​ရလက်ထက် ၁၉၉၃ ခုနှစ် စက်တင်ဘာမှာ ဖွဲ့​စည်း​ခဲ့​တာပါ။ စစ်တပ်က ဒီလို အသင်း​မျိုး​ဖွဲ့​တာဟာ ဒါ ပထမဦး​ဆုံး​အကြိမ်​တော့​ မဟုတ်ပါဘူး​။ ၁၉၅၈-၆၀ ဗိုလ်ချုပ်ကြီး​နေဝင်း​ ​ခေါင်း​ဆောင်တဲ့​ အိမ်​စောင့်​အစိုး​ရ လက်ထက်တုန်း​ကလည်း​ ကြံ့​ခိုင်​ရေး​အသင်း​ဆိုတဲ့​ နာမည်နဲ့​ပဲ စစ်တပ်က ဖွဲ့​စည်း​ခဲ့​ဖူး​ပါတယ်။ အဓိက ရည်ရွယ်ချက်က​တော့​ ​ရွေး​ကောက်ပွဲမှာ စစ်တပ်က နိုင်​စေချင်တဲ့​ ပါတီ အနိုင်ရ​အောင် လုပ်​ပေး​ဖို့​ပါ။ ဒါ​ပေမယ့်​ အဲဒီအချိန်တုန်း​က ကြံ့​ခိုင်​ရေး​အသင်း​ဟာ ဦး​နေဝင်း​ဦး​ဆောင်တဲ့​ စစ်တပ်က လိုလား​တဲ့​ ရလဒ် ရလာ​အောင် ​ဆောင်ရွက်မ​ပေး​နိုင်ခဲ့​ပါဘူး​။ အလား​တူ နိုင်ငံ​ရေး​ပါတီ​တွေကို လုံး​ဝ စည်း​ရုံး​လှုပ်ရှား​ခွင့်​မ​ပေး​တဲ့​ ၁၉၉၃ မှာ စစ်အာဏာရှင်​တွေက ဒီအသင်း​မျိုး​ကို ပြန်အသက်သွင်း​ခဲ့​ပါတယ်။ တပ်မ​တော်သား​အား​လုံး​၊​ ဝန်ထမ်း​အား​လုံး​၊​ ​ကျောင်း​သား​ကျောင်း​သူနဲ့​ ဆရာ၊​ ဆရာမ အား​လုံး​၊​ အုပ်ချုပ်​ရေး​အာဏာပိုင် အဖွဲ့​ဝင်အား​လုံး​ ဒီအသင်း​ကို မဝင်မ​နေရ ဝင်ကြရပါတယ်။ ဒီ အသင်း​ထဲဝင်ထား​ရင် သာမန်လူ​တွေထက် အခွင့်​အ​ရေး​ ပိုရမယ်ဆိုတဲ့​ မက်လုံး​နဲ့​ သာမန်ပြည်သူ​တွေကိုလည်း​ အတင်း​ရော အဓမ္မပါ အသင်း​ဝင်အဖြစ် သိမ်း​သွင်း​ခဲ့​ပါတယ်။

စစ်အာဏာပိုင်​တွေ ​ခေါင်း​ဆောင်တဲ့​ ဒီအသင်း​ကြီး​ဖွဲ့​စည်း​ပြီး​တာနဲ့​ အတိုက်အခံ​တွေကို ဆန့်​ကျင်​ချေမှုန်း​ အင်အား​ပြတဲ့​နေရာမှာ၊​ စစ်အစိုး​ရကို ​ထောက်ခံတဲ့​ စု​ဝေး​ပွဲ​တွေမှာ ဒီအသင်း​ကြီး​ကို အသုံး​ချခဲ့​ပါတယ်။ အဖွဲ့​ဝင်အင်အား​ သန်း​ပေါင်း​များ​စွာ စာရင်း​ရှိတယ် ဆို​ပေမယ့်​ တကယ့်​ တကယ် ​အောက်​ခြေမှာ​တော့​ တိတိကျကျ ​ထောက်ခံသူ အင်အား​မရှိတဲ့​ ​ခေါင်း​ကြီး​ကိုယ်​သေး​ အသင်း​တခု အ​နေနဲ့​ပဲ နှစ်​ပေါင်း​များ​စွာ ဖြတ်သန်း​ခဲ့​ပါတယ်။

နောက်ဆုံး​ ၂၀၁၀ ​ရွေး​ကောက်ပွဲ လုပ်​တော့​မယ့်​ အချိန်ကျမှသာ စစ်သား​နဲ့​ ဝန်ထမ်း​တွေကို အသင်း​ဝင်စာရင်း​က​နေ နုတ်ပယ်၊​ အသင်း​က​နေ ပါတီ ​ခေါင်း​စဉ်​ပြောင်း​ပြီး​ ပါတီအဖြစ် ရပ်တည်ခဲ့​ပြန်ပါတယ်။ ဒီအချိန်အထိ မြန်မာပြည်မှာ အင်အား​အများ​ဆုံး​ ပါတီရယ်လို့​ ​ကြွေး​ကြော်​နေ​ပေမယ့်​ စစ်အစိုး​ရက သူ့​ဘာသာသူ ကျင်း​ပတဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရ​အောင် ဒီ ကြံ့​ခိုင်​ရေး​ပါတီ အင်အား​တွေကို အသုံး​ပြုခဲ့​တာ​တော့​ မဟုတ်ပါဘူး​။ အုပ်ချုပ်​ရေး​အာဏာပိုင် အဆင့်​ဆင့်​ရဲ့​ အာဏာ၊​ ​ရွေး​ကောက်ပွဲ ​ကော်မရှင် အဆင့်​ဆင့်​ရဲ့​ ဥပ​ဒေမဲ့​ ပြုကျင့်​မှု​တွေက​နေ တဆင့်​ လိုချင်တဲ့​ ရလဒ်ရ​အောင် အ​ဖြေထုတ်ပြီး​ အနိုင်ယူခဲ့​တာ ဖြစ်ပါတယ်။

ပြောရရင် နိုင်ငံမှာ အာဏာရပါတီ ဖြစ်လာတဲ့​တိုင်၊​ စာရင်း​ဇယား​တွေအရ အင်အား​အများ​ဆုံး​လို့​ ​ပြောဆို​နေဆဲ ဖြစ်တဲ့​တိုင် ကြံ့​ခိုင်​ရေး​ပါတီ ​အောက်​ခြေမှာ ​သေ​သေချာချာ ​ထောက်ခံတယ်ဆိုတဲ့​ ပါတီဝင်ထုဆိုတာ တကယ်ကို မရှိခဲ့​ပါဘူး​။ ရပ်ကွက်​တွေမှာ စာရင်း​ပေါက်​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီဝင် ဆိုတာ​တွေဟာ ဘယ်သူ့​ကိုမှ ထုတ်မ​ပြောရဲတဲ့​၊​ ကိုယ့်​ကိုယ်ကိုယ် ကြံ့​ခိုင်​ရေး​ပါတီဝင် ဖြစ်မှန်း​မသိ ဖြစ်​နေတဲ့​၊​ အ​ကြောင်း​ကြောင်း​ကြောင့်​ တကြိမ်တခါ အသင်း​ဝင်ဖြစ်သွား​ပြီး​ ပြန်နုတ်ထွက်ခွင့်​မရတဲ့​ သူ​တွေသာ အများ​စု ဖြစ်​နေလို့​ ဖြစ်ပါတယ်။ တကယ်လို့​သာ ကြံ့​ခိုင်​ရေး​ပါတီ အ​နေနဲ့​ ပါတီဝင် စိစစ်​ရေး​ကိုသာ စပြီး​ လုပ်ခဲ့​ရင် အဲဒီအ​ဖြေ စ​ပေါ်မှာ ဖြစ်ပါတယ်။ ခု​တော့​ ဒီ​မေး​ခွန်း​ကို ဦး​အောင်သိန်း​လင်း​က ပါတီဝင်​တွေကို စိစစ်​နေဆဲပဲလို့​ ​ဖြေထား​ပါတယ်။ ​ပြောရရင် ကိုယ့်​မှာ ပါတီဝင် ဘယ်နှ​ယောက် ရှိသလဲ တိတိကျကျ မ​ပြောနိုင် မ​ပြောရဲတဲ့​ ပါတီဖြစ်​နေ​သေး​လို့​ပါပဲ။

ဗဟို​ကော်မတီဝင် ဦး​အောင်သိန်း​လင်း​အ​ပြောအရ ​အောက်​ခြေမှာ ပါတီဝင် ၁၀ ဦး​မှာ ​ခေါင်း​ဆောင် တဦး​စီ​ရွေး​၊​ သူတို့​တွေက​နေမှတဆင့်​ ရပ်​ကျေး​ ​ကော်မတီဝင်​တွေ ပြန်လည်​ရွေး​ချယ်မှာဆို​တော့​ ပါတီဝင် အ​ရေအတွက် စိစစ်​ရေး​ ဆိုတာ မလွဲမ​သွေ ရှိလာ​တော့​မှာ ဖြစ်ပါတယ်။ ဒီအခါ နဂိုအတိုင်း​ ​ဖောင်း​ပွ​နေတဲ့​ ပါတီဝင်စာရင်း​တွေအတိုင်း​ပဲ လုပ်မလား​၊​ တကယ့်​ ပြည်သူ​တွေရဲ့​ ဆန္ဒနဲ့​အညီ တကယ်ပါတီဝင် လုပ်ချင်သူ​တွေနဲ့​ လုပ်မလား​၊​ နာမည်စာရင်း​ ပါ​နေပြီး​ ပါတီဝင်မဖြစ်ချင်​တော့​တဲ့​သူ​တွေကို အသာတကြည် နုတ်ထွက်ခွင့်​ပေး​မှာလား​ ဆိုတာကလည်း​ စဉ်း​စား​စရာ ဖြစ်​နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုက​ရေစီနည်း​ကျကျ ပွင့်​လင်း​မြင်သာမှုရှိ​အောင် လုပ်မယ်ဆိုရင်​တော့​ ဒီအချက်အလက်​တွေ ​ပေါ်ထွက်လာမှာ ​သေချာပါတယ်။

ရပ်/​ကျေး​က​နေ ​နောက်တဆင့်​ မြို့​နယ်အဆင့်​ ​ရွေး​ချယ်မှုဖြစ်ပါတယ်။ တဆက်တည်း​ ခရိုင်၊​ တိုင်း​နဲ့​ ပြည်နယ် အဆင့်​ဆင့်​ ဒီမိုက​ရေစီနည်း​ကျ ​ရွေး​ကောက် တင်​မြှောက်ဦး​မယ်လို့​ ဆိုထား​ပြန်ပါတယ်။ ဒီအခါ တကယ့်​ ဒီမိုက​ရေစီနည်း​နဲ့​သာ ​ရွေး​ချယ်တင်​မြှောက်ခဲ့​ကြရင်၊​ ဗဟိုအဆင့်​က ဝင်မစွက်ဖက်ရင်၊​ အရင်စစ်အစိုး​ရ လက်ထက်ကတည်း​က တာဝန်​ပေး​ခဲ့​တဲ့​ လက်ရှိ တာဝန်ရှိသူ​တွေအား​လုံး​လိုလို အ​ပြောင်း​အလဲ ဖြစ်သွား​ဖို့​ များ​ပါတယ်။ အရင် စစ်​ခေါင်း​ဆောင်​ဟောင်း​တွေ တာဝန်ယူထား​တဲ့​ လက်ရှိ ဗဟိုအဆင့်​ကို ညီလာခံက​နေ တဆင့်​ ဒီမိုက​ရေစီနည်း​ကျ ပြန်လည်​ရွေး​ကောက်၊​ မ​ရွေး​ကောက်ကို​တော့​ တ​ယောက်တမျိုး​ ​ပြော​နေကြပါတယ်။

ဦး​အောင်သိန်း​လင်း​က​တော့​ ဗဟိုအဆင့်​အထိ ပြန်​ရွေး​ကောက်မယ် ​ပြော​နေပြီး​ ဦး​ဌေး​ဦး​က​တော့​ မလိုအပ်​သေး​ဘူး​ ​ပြော​နေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​စီး​တဲ့​ အန်အယ်လ်ဒီ ပါတီဟာ နှစ်​ပေါင်း​များ​စွာအတွင်း​ ပထမဦး​ဆုံး​အကြိမ် အဆင့်​ဆင့်​သော ​ရွေး​ချယ်တင်​မြှောက်ပွဲ​တွေကို ဒီမိုက​ရေစီနည်း​ကျ ပြုလုပ်မယ်။ ပါတီညီလာခံက​နေ တဆင့်​ ဗဟို​ခေါင်း​ဆောင်​တွေကိုလည်း​ ပြန်လည် ​ရွေး​ချယ်သွား​မယ်။ ဒါ​တွေအား​လုံး​ ဒီနှစ်ကုန်အပြီး​လုပ်ဖို့​ ရည်ရွယ်တယ်ဆိုတဲ့​ လုပ်ငန်း​ကြေညာချက် ထွက်လာပြီး​ချိန်မှာ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ အလား​တူ လုပ်ငန်း​စဉ် ထွက်​ပေါ်လာတာ ဖြစ်ပါတယ်။

ဒီအတွက် အခုလုပ်မယ့်​ ကြံ့​ခိုင်​ရေး​ပါတီရဲ့​ အဆင့်​ဆင့်​သော ပါတီ​ခေါင်း​ဆောင်​တွေကို ဒီမိုက​ရေစီနည်း​ကျ ပြန်လည် ​ရွေး​ချယ်တင်​မြှောက်မယ့်​ ပွဲ​တွေဟာ ပါတီကို ပိုမိုရှင်သန် အား​ကောင်း​လာ​စေမှာလား​၊​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲတုန်း​ကလိုပဲ အရှက်တကွဲအကျိုး​နည်း​ အ​ဖြေ​တွေ ထွက်လာမှာလား​ ဆိုတာ ​စောင့်​ကြည့်​ရဦး​မှာ ဖြစ်​ကြောင်း​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013