မဖြစ်မ​နေ ဒီမိုက​ရေစီနိုင်ငံအဖြစ် ထူ​ထောင်မယ်လို့​ ဆုံး​ဖြတ်ပြီး​ပြီ (သူရဦး​ရွှေမန်း​)

ဦးေရွှမန်း​
နော်​ဝေနိုင်ငံကို ​လေ့​လာ​ရေး​ခရီး​ ​ရောက်ရှိ​နေတဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​ကို ဒီမိုကရက်တစ် မြန်မာ့​အသံ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က ​တွေ့​ဆုံ ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_25474" align="alignleft" width="300" caption="ဦးရွှေမန်း​"][/caption] မြန်မာနိုင်ငံရဲ့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ဆောင်ပြီး​တော့​ လွှတ်​တော် ကိုယ်စား​လှယ်​တွေ ဂျာမဏီနိုင်ငံ၊​ ဘယ်လ်ဂျီယံနိုင်ငံ၊​ ပြင်သစ်နိုင်ငံ၊​ အခု ​နော်​ဝေနိုင်ငံကို ​ရောက်ရှိခဲ့​ပြီ ဆို​တော့​ ​လေ့​လာ​ရေး​ ခရီး​စဉ်မှာ ဘယ်သူ​တွေနဲ့​တွေ့​ပြီး​ ဘာ​တွေ ​လေ့​လာခဲ့​ပါသလဲ။ “အဓိက လာ​ရောက်တဲ့​ ရည်ရွယ်ချက်က​တော့​ မိမိတို့​နိုင်ငံ ဒီမိုက​ရေစီစနစ် စတင်ပြီး​ ထူ​ထောင်တဲ့​နေရာမှာ စနစ်တကျနဲ့​ ပီပီပြင်ပြင် ဖြစ်​စေချင်တယ်။ ဒါ့​အတွက် လွှတ်​တော်ရဲ့​ အခန်း​ကဏ္ဍကလည်း​ အ​ရေး​ကြီး​တယ်။ ဒါ​ကြောင့်​ လွှတ်​တော်​တွေ အခြား​နိုင်ငံ​တွေမှာ ဘယ်လို ဖွဲ့​စည်း​ထား​သလဲ။ လွှတ်​တော်​တွေက ဘယ်လို တာဝန်ယူသလဲ။ ဘာ​တွေ လုပ်​နေလဲ ဆိုတာ​တွေကို အဓိကထား​လေ့​လာဖို့​ ဖြစ်ပါတယ်။ ဂျာမဏီ၊​ ဘယ်လ်ဂျီယံ၊​ ပြင်သစ်​တွေလည်း​ ​ရောက်ခဲ့​တဲ့​အခါမှာလည်း​ လွှတ်​တော် အကြီး​အကဲ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ ထို့​နည်း​တူစွာပဲ အဲဒီနိုင်ငံမှာ ရှိတဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာနတို့​လို နှစ်နိုင်ငံဆက်ဆံ​ရေး​ တိုး​မြှင့်​ပြီး​တော့​ ပူး​ပေါင်း​ဆောင်ရွက်မယ့်​ ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဝန်ကြီး​ဌာန စသဖြင့်​ ​တွေ့​ဆုံခဲ့​ပါတယ်။ ​တွေ့​တဲ့​အခါမှာလည်း​ သူတို့​က မိမိတို့​နိုင်ငံ ဒီမိုက​ရေစီစနစ် ​ဖော်​ဆောင်​နေတာကို အား​ရ​ကြောင်း​၊​ လိုအပ်တဲ့​ အကူအညီများ​ရှိရင်လည်း​ သူတို့​ဘက်က ​ပေး​မယ်ဆိုတဲ့​အ​ကြောင်း​ ​ပြောလိုက်ပါတယ်။” ဒီခရီး​စဉ်မှာ အစိုး​ရ​ခေါင်း​ဆောင်​တွေ၊​ ပါလီမန်​တွေနဲ့​ ​တွေ့​တဲ့​အခါမှာ ဘာထူး​ခြား​ချက်​တွေ ​တွေ့​ခဲ့​ရလဲ။ “ထူး​ခြား​ချက်လို့​ ​ပြောလို့​ရတာက မိမိတို့​ ဒီမိုက​ရေစီနိုင်ငံ ထူ​ထောင်တယ်ဆိုတာ သိမြင်ကြား​သိရတဲ့​အတွက် သူတို့​ ဝမ်း​သာတယ်။ ဝမ်း​မြောက်တယ်။ အံ့​အား​လည်း​သင့်​တယ်လို့​ သူတို့​က​ပြောကြတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အခုလို မြန်မြန်ဆန်ဆန်ကြီး​ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်တာ အံ့​အား​သင့်​တယ်လို့​ ​ပြောတာရှိပါတယ်။ အဲ့​နည်း​တူပဲ တချို့​ကျ​တော့​လည်း​ ဒီလိုပြုပြင်​ပြောင်း​လဲမှု မြန်​နေ၊​ များ​နေတဲ့​အတွက် အခြား​စိန်​ခေါ်မှု​တွေ ရှိလာနိုင်တယ်ဆိုတာ တွက်မိလား​ဆိုတဲ့​ သ​ဘောမျိုး​လည်း​မေး​ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲတဲ့​နေရာမှာ အခြား​စိန်​ခေါ်မှု​တွေ ရှိနိုင်လား​ဆိုတဲ့​ ​မေး​ခွန်း​မျိုး​ဟာ နည်း​နည်း​ထူး​ခြား​တယ်လို့​ ယူဆပါတယ်။” တခြား​စိန်​ခေါ်မှု​တွေဆိုတာက ဘယ်လို အချက်​တွေလဲ။ “သူတို့​မေး​တဲ့​ ​မေး​ခွန်း​ပဲ။ မိမိတို့​ဘက်က​တော့​ ဒီမိုက​ရေစီနိုင်ငံအဖြစ် ထူ​ထောင်တဲ့​နေရာမှာ မိမိတင်မဟုတ်ဘူး​။ မိမိတို့​နိုင်ငံမှာရှိကြတဲ့​ နိုင်ငံသား​တွေ၊​ အထူး​သဖြင့်​ ပါလီမန်ထဲကို​ရောက်လာတဲ့​ လွှတ်​တော်အမတ်​တွေက မိမိတို့​နိုင်ငံကို ဒီမိုက​ရေစီနိုင်ငံအဖြစ် ထူ​ထောင်မှသာလျှင် နိုင်ငံနဲ့​ နိုင်ငံသား​များ​အတွက်၊​ ပြည်​ထောင်စုအကျိုး​အတွက် ဖြစ်လာမှာ ဖြစ်တယ်လို့​ သူတို့​သိထား​ကြတဲ့​အတွက် မိမိတို့​က​တော့​ မဖြစ်မ​နေ ဒီမိုက​ရေစီနိုင်ငံအဖြစ် ထူ​ထောင်မယ်လို့​ ဆုံး​ဖြတ်ပြီး​ပြီ။ ဒါ​ကြောင့်​မို့​လို့​ လုပ်ရမယ့်​ လုပ်ငန်း​တွေကို ရဲရဲတင်း​တင်း​ သတ္တိရှိရှိလုပ်ကြရမယ့်​ အ​နေအထား​မျိုး​ပဲလို့​ ပြန်​ပြောခဲ့​ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up