DVB Logo
Home
မြန်မာသတင်း
လား​ရှိုး​တောင်သူများ​ စိုက်ပျိုး​မြေ အသိမ်း​ခံရမည်ကို စိုး​ရိမ်
DVB
·
May 15, 2012
Donate to DVB

လား​ရှိုး​မြို့​နယ်ထဲက ​တောင်သူ​တွေရဲ့​ လယ်​မြေ ဧက​ပေါင်း​ ၁ ​ထောင်နီး​ပါး​ သိမ်း​ယူခံရမယ့်​ အ​ခြေအ​နေနဲ့​ ကြုံ​နေရတာ​ကြောင့်​ ​ဒေသခံ ​တောင်သူ​တွေ စိုး​ရိမ်ပူပန်​နေကြပါတယ်။

ရှမ်း​ပြည်​မြောက်ပိုင်း​ လား​ရှိုး​မြို့​နယ် ​နောင်မွန်​ကျေး​ရွာအုပ်စု နား​ယာမနဲ့​ ​ခေး​နိမ်း​ ​ကျေး​ရွာ​တွေက ​ဒေသခံရွာသား​ပိုင် စိုက်ပျိုး​မြေ​တွေ​ပေါ်မှာ မြို့​နယ်​မြေတိုင်း​ရုံး​က ​မေလ ၈ ရက်​နေ့​မှာ လာ​ရောက်တိုင်း​ထွာပြီး​ ခြံစည်း​ရိုး​လာကာသွား​တဲ့​အတွက် ဒီနှစ်စိုက်ပျိုး​ရာသီမှာ လုပ်ငန်း​စတင်ဖို့​ အခက်အခဲဖြစ်​နေတယ်လို့​ ရွာသား​တဦး​က ​ပြောပါတယ်။

“ဒီ​မြေ​တွေ​ပေါ်မှာ ကျ​နော်တို့​ဘိုး​ဘွား​စဉ်ဆက် လုပ်ကိုင်စား​သောက်ခဲ့​တာပါ။ ကျ​နော့်​လက်ထက်မှာ ​ပြောင်း​ဖူး​တွေ စပါး​တွေစိုက်တယ်၊​ ဒါကိုပဲအား​ကိုး​ပြီး​ စား​သောက်​နေရတာ။ တခြား​ဘာမှလည်း​ လုပ်မစား​တတ်ဘူး​။ ဒီနှစ်အတွက် လယ်ထွန်ထာပြီး​ကာမှ ခုလို ခြံစည်း​ရိုး​လာကာထား​တော့​ ဘာမှမစိုက်ရဲ​တော့​ဘူး​။ စိုက်ပြီး​လို့​လာဖယ်ခိုင်း​ရင် ​မြေယာအပြင် သီး​နှံ​တွေပါ ထပ်ရှုံး​မယ်​လေ၊​ ကျ​နော်တို့​ သ​ဘောက​တော့​ ​လျော်​ကြေး​တွေဘာ​တွေလည်း​ မလိုချင်ဘူး​။ တသက်လုံး​ စိုက်စား​ဖို့​ ကျ​နော်တို့​ ဘိုး​ဘွား​ပိုင်​မြေပဲ လိုချင်တယ်။”

စိုက်ပျိုး​မြေဧက​ပေါင်း​ ၉၅၀ ​ကျော်​လောက်ရှိပြီး​ ဒီနှစ်​မေလဆန်း​မှာ ​မြေတိုင်း​ရုံး​က ကွန်ကရစ်တိုင်နဲ့​ သံဆူး​ကြိုး​တွေ လာခတ်သွား​တယ်လို့​ ​ဒေသခံ ရွာသား​တွေက ​ပြောပါတယ်။

မြေတိုင်း​ရုံး​နဲ့​ နီး​စပ်သူတ​ယောက်က စည်း​ရိုး​ခတ်ပြီး​ရင် မြတ်မင်း​ကုမ္ပဏီလက်ထဲကို အပ်မှာဖြစ်ပြီး​ ဘာလုပ်ဖို့​လဲဆိုတာ မသိရဘူး​လို့​ ဆိုပါတယ်။

လော​လောဆယ် နဂါး​မောက်သီး​စိုက်ပျိုး​ရေး​ လုပ်ငန်း​တွေ လုပ်​ဆောင်​နေတဲ့​ မြတ်မင်း​ကုမ္ပဏီဟာ လွန်ခဲ့​တဲ့​ ၂၀၀၅ ခုနဲ့​ ၂၀၀၉ ခုနှစ် တုန်း​ကလည်း​ ဒီ​မြေ​တွေကို သိမ်း​ယူဖို့​ ကြိုး​စား​ခဲ့​ဖူး​ပြီး​ ရွာသား​တွေရဲ့​ တိုင်ကြား​မှုနဲ့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က သက်ဆိုင်ရာကို စာ​ရေး​တောင်း​ခံတဲ့​အတွက် ​ဒေသခံ​တွေ ဆက်ပြီး​စိုက်ပျိုး​ လုပ်ကိုင်ခွင့်​ရခဲ့​တယ်လို့​ ဆိုပါတယ်။

ဒေသခံ​တောင်သူ​တွေဟာ ခုလို စည်း​ရိုး​လာကာထား​တဲ့​အတွက် ​မေလဆန်း​မှာ ကျား​ဖြူပါတီကို တိုင်ကြား​ထား​တယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

ကျား​ဖြူပါတီ ​ခေါ် ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီဝင် လွှတ်​တော်ကိုယ်စား​လှယ် ဦး​စိုင်း​စံမင်း​က “လယ်ယာ​မြေသိမ်း​တဲ့​ ကိစ္စဟာ ဒီလိုပဲ ဆက်ဖြစ်​နေမယ်ဆိုရင်​တော့​ ပြည်သူလူထုအတွက် ပိုပြီး​တော့​ အခက်​တွေ့​ပြီး​ ဒုက္ခ​ရောက်​တော့​မယ်။ ခက်တာက​တော့​ အစဉ်အဆက် ဘိုး​ဘွား​ပိုင်​မြေအဖြစ် လုပ်လာခဲ့​ပေမယ့်​လည်း​ တကယ်တမ်း​ သိမ်း​တဲ့​အခါကျ​တော့​ အ​ထောက်အထား​က ဘာမှ မရှိဘူး​။ လယ်ယာ​မြေဥပ​ဒေကို ကျ​နော် ​သေချာပြန်​လေ့​လာပြီး​ ကိုင်တွယ် ​ဖြေရှင်း​သွား​မယ်လို့​ ​ရွေး​ကောက်ပွဲမတိုင်ခင်က ဒီကိစ္စကို အတိအလင်း​ ​ဖြေရှင်း​ရမယ့်​ ပြဿနာအဖြစ် ကျ​နော်မြင်တယ်။ ​ရှေ့​ဆက်ပြီး​တော့​လည်း​ ဒီအ​ကြောင်း​ကို ဂဃနဏ ​လေ့​လာပြီး​တော့​ လုပ်သွား​ဖို့​တော့​ အစီအစဉ် ရှိပါတယ်” လို့​ ​ပြောပါတယ်။

လွန်ခဲ့​တဲ့​ ဆယ်နှစ်​ကျော်ကတည်း​ကလည်း​ အခုလို ​မြေယာသိမ်း​ဆည်း​မှု​တွေ ရှိခဲ့​ကြောင်း​၊​ ​လော​လောဆယ် ကျား​ဖြူပါတီက လက်ခံရရှိထား​တဲ့​ ​မြေသိမ်း​မှု ၅ ခုရှိပြီး​ တချို့​မြေယာသိမ်း​မှု​တွေမှာ ကုမ္ပဏီပိုင်ရှင်​တွေက ​လျော်​ကြေး​ပေး​ပြီး​ ​ဒေသခံ​တွေနဲ့​ ညှိနှိုင်း​ပြေလည်သွား​တယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013