Home
မြန်မာသတင်း
မြိတ်-ဘန်ကောက် လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမည်
DVB
·
February 20, 2018
မြိတ်- ဘန်ကောက် တိုက်ရိုက်လေကြောင်းလိုင်းတခုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ စတင်ပျံသန်း ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမယ့် လေကြောင်းလိုင်းခရီးစဉ်ကို  မြန်မာနိုင်ငံရှိ Tun Htaik Tin ကုမ္ပဏီနဲ့ New Gen Airline တို့မှ ပူးပေါင်းပြေးဆွဲမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အစမ်းပျံသန်းသွားမှာပါ။ လေကြောင်းလိုင်းရဲ့ တာဝန်ခံ မန်နေဂျာ ဦးသာဓု “အဓိကကတော့ မြိတ်ဒေသမှာက ပြည်တွင်း ပြည်ပ ခရီးသွားတွေ များလာသလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားတဲ့သူတွေ များလာတာကြောင့် ဒီလေကြောင်းလိုင်းခရီးစဉ်ကို ပြေးဆွဲဖို့ စီစဉ်ရခြင်း ဖြစ်တယ်’’ လို့ ပြောပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် New Gen Airline ဟာ B 737- 400 အမျိုးအစားဖြစ်ပြီး မြိတ်မှ ထိုင်းနိုင်ငံသို့ အသွားအပြန် ခရီးသည် တဦးကို ဒေါ်လာ ၁၈၀ ကျပ် သတ်မှတ်ထားပါတယ်။ ခရီးသည် ၁၅၀ ဦးကို တင်ဆောင်နိုင်ပြီး တပတ်ကို ၃ ရက် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တို့မှာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြိတ်မြို့မှာ အရင်က မြိတ်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲဖူးတာ ရှိခဲ့ပေမယ့်  မြိတ်လေဆိပ်မှာ နိုင်ငံတကာအဆင့်မီ စစ်ဆေးရေးဂိတ်တွေ မရှိတဲ့အတွက် တလအကြာမှာ ရပ်နားခဲ့ရပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024