Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေ ပိုဆိုးလာဟု တက်ကြွလှုပ်ရှားသူ နော်အုန်းလှဝေဖန်
အာကာ
·
February 20, 2018
  ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီး လူထုတင်တဲ့ အစိုးရတက်လာမှ ပိုဆိုးလာတယ်လို့ တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ထောက်ပြဝေဖန်ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဖေဖော်ဝါရီ၁၉ ရက်က လွှတ်တော်ကိုတင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က နိုင်ငံပိုင်သတင်းစာတွေမှာလည်း အများပြည်သူ လေ့လာနိုင်အောင် ဖော်ပြခဲ့ပါတယ်။ ဒီဥပဒေကြမ်းမှာ မူလဥပဒေပုဒ်မ ၁၈ ပါထောင်ဒဏ်ကို ၃ နှစ်အထိ တိုးမြှင့်ထားသလို ပုဒ်မ၄ ပုဒ်မခွဲ(ဃ)မှာ ငြိမ်းစုစီပြုလုပ်မယ့် အစီအစဉ်၊ ခန့်မှန်းလူဦးရေနဲ့ ခန့်မှန်းကုန်ကျစရိတ်၊ ကုန်ကျခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေကိုဖော်ပြဖို့  အစားထိုးထားပါတယ်။. နော်အုန်းလှက“အကြပ်အတည်းကိုဖြတ်ကျော်လာတဲ့ အစိုးရအနေနဲ့ဒီ ဥပဒေကို ထုတ်သင့် မထုတ်သင့် အရင်စဉ်းစားရမှာ ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ လူထုနစ်နာအောင် ဘာလို့ လုပ်နေတာလဲ။ ဒီမိုကရေစီ အစိုးရတက်မှ လူထုကို ပိုဖိလာတယ်လို့ ခံစားမိတယ်။ ငွေကြေးစိုက်ထုတ်တယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ။ အန်တီတို့ ဆန္ဒထုတ်ဖော်တယ်ဆိုတာ လူထုနစ်နာလို့လုပ်တာ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆန္ဒပြတာလေ။ ဟိုဘက်အစိုးရမှာတောင်မှ ငွေကြေးစိုက်ထုတ်မှုဆိုတာ မပါဘူး။ ဘယ်ကြောင့် ဒါတွေ ပါလာတယ်ဆိုတာ စဉ်းစားလို့တောင် မရဘူး။ တော်တော်ဆိုးလာတဲ့ အခြေနေမြင်ရတာပေါ့”လို့  ဒီဗွီဘီ ပြောပါတယ်။ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူညီထားပါတယ်။ ငြိမ်းစုစီဥပဒေကို ၂၀၁၁ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်စဉ် ၁၅ အနေနဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024