A d v e r t i s e m e n t With Us

မန္တ​လေးတိုင်း ပြည်​ကြီးတံခွန်​မြို့နယ်တွင်မီးလောင်

  မန္တ​လေးတိုင်းဒေသကြီး ပြည်​ကြီးတံခွန်​မြို့နယ်​ ဓဓ/၄၆ ၅၁-၅၂ လမ်းကြား (ဆ) ရပ်​ကွက် ​​အေးသုခလမ်းမှာ ဒီမနက်​ ၁၀ နာရီလောက်က မီး​လောင်​မှုဖြစ်​ပွားပြီး နေအိမ် ၄လုံး မီးထဲပါသွား ပါတယ်။ ပြည်​ကြီးတံခွန်​မြို့နယ်​ ​မီးသတ်​ဦးစီးမှူး ဦး​ကျော်​ဆန်းက “နံကပ်​သွပ်​မိုး ၂ထပ်​တစ်​လုံး၊ ပြင်​ကာသွပ်​မိုး ၁ ထပ်​နှစ်​လုံး၊ ပြင်​ကာသွပ်​မိုး ၂ ထပ်​တစ်လုံး မီး​လောင်​ခဲ့ပြီး ဆုံးရှူံးမှုတန်​ဖိုးကျပ် ၉ သိန်းခွဲဖိုး ဆုံးရှုံးခဲ့တယ်​”လို့ ​ပြောပါတယ်​။ စတင်​မီး​လောင်​ကျွမ်းခဲ့တဲ့ အိမ်​ရှင်​ဦးသန်းဝင်းကို မီး​ပေါ့ဆမူ ပုဒ်​မ (၂၈၅)နဲ့ အ​ရေးယူထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up