DVB Logo
Home
မြန်မာသတင်း
၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်
DVB
·
May 15, 2012
၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်
Donate to DVB

ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် အတွက်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ခရီးထွက်ရာ မှာ လောင်းလုံမြို့အ၀င် မှာ နှောင့်ယှက်ခံခဲ့ရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို လှိုက်လှဲစွာကြိုဆိုပါ၏လို့ ရေးသားထားတဲ့ ဗီနိုင်း ဆိုင်းဘုတ် ကို လောင်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့ညီညွတ်မှု မရှိတဲ့ အတွက် ဖြုတ်ချခိုင်းတယ် လို့ ကိုမင်းကိုနိုင် တို့ ခရီးစဉ်ကို လိုက်ပါ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုကျော်ကျော်သက် က ပြောပါတယ်။ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဟာ လောင်းလုံမြို့ အောင်သပြေကျောင်း တိုက်မှာ ဒေသခံ ပရိသတ် ၅၀၀ ကျော်နဲ့တွေ့ဆုံပြီး ပွင့်လင်း လူအဖွဲ့အစည်း ဆိုင်ရာတွေ ကို ဟောပြောခဲ့ကြပြီး ဒေသခံတွေရဲ့ မေးမြန်းတာတွေ ကို ဖြေကြား ရှင်းလင်းပါတယ်။

ကိုမင်းကိုနိုင်တို့ အဖွဲ့ဟာ လောင်းလုံမြို့ကိုမရောက်ခင် လမ်းခရီးမှာရှိတဲ့ မင်းရပ်ကျေးရွာမှာလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေက ကြိုဆိုပါ၏ ဆိုင်းဘုတ်နဲ့ အသံချဲ့စက်သုံးတာကို တားမြစ်ခံခဲ့ရပါသေး တယ်။

ထားဝယ်မြို့ခံတဦးဖြစ်တဲ့ ကိုကျော်ကျော်သက်က “မင်းရပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့စက် သုံးလို့မရဘူး။ ဆိုင်းဘုတ်ထောင်လို့ မရဘူးဆိုပြီး ဆိုင်းဘုတ်က ဖြုတ်ပေးလိုက်ရတယ်။ အသံချဲ့စက်ကိုလည်း သိမ်းထားလိုက်ရတယ်” လို့ ပြောပါတယ်။

လောင်းလုံမြို့အသွား နှစ်နေရာမှာ အာဏာပိုင်တွေရဲ့ အနှောင့်အယှက်တွေ ရှိခဲ့ပြီး ကျန်နေရာတွေ ကတော့ ပြဿနာတစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အင်္ဂါနေ့ ညပိုင်းမှာ ထားဝယ်မြို့ပေါ် က လူမှုရေး အကူအညီပေးတဲ့ အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013