ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပင်ခွန်တောင်ပေါ်ဈေးနေ့မြင်ကွင်း (ဓာတ်ပုံ)
DVB
·
February 20, 2018
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ်က ၅ ရက်တခါ ဖွင့်လှစ်ရောင်းချတဲ့ ပင်ခွန်တောင်ပေါ်ဈေးနေ့မှာ ဈေးသည်ဈေးဝယ်တွေနဲ့ ရောင်းဝယ်ဖောက်ကား စည်ကားနေပါတယ်။
ဒီဈေးကလေးမှာ အနီးနားပတ်ဝန်းကျင်ကျေးရွာတွေကနေ ဈေးသည်တွေ လာရောက်ပြီး ဟင်းသီးဟင်းရွက်၊ မုန့်လေပွေ၊ သားငါးနဲ့ အသုံးအဆောင်ပစ္စည်းအစုံအလင် ရောင်းချတဲ့အပြင် ရှမ်းရိုးရာ အစားသောက် အစုံအလင်ကိုလည်း ရောင်းချနေတာ တွေ့မြင်ရမှာပါ။
ဓာတ်ပုံ-ကိုဈာန်