Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ဂရိတ်ဖရုသီးများ ဈေးတက်
DVB
·
February 19, 2018
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးမှာရှိတဲ့ လမ်းတံတားတွေ ဖျက်ဆီးခံထားရတာကြောင့် ပူတာအိုမှ မြစ်ကြီးနားကို ဂရိတ်ဖရုသီးတွေ သယ်ယူဖို့ အခက်အခဲရှိနေပြီး ဈေးတွေ တက်နေတယ်လို့ ဂရိတ်ဖရုသီး ရောင်းသူတွေက ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ ရောက်ရှိနေတဲ့ ဂရိတ်ဖရုသီးတွေဟာ လမ်းကောင်းတုန်းက သယ်ယူထားတဲ့ အသီးတွေဖြစ်ကြပြီး အသီးတွေ ထပ်ရောက်မလာတာကြောင့် လက်ရှိ မြစ်ကြီးနားမြို့မှာ ဂရတ်ဖရုသီးတွေ ဈေးတက်နေပါတယ်။ ဒီနှစ် ဂရိတ် ဖရုသီးဈေးဟာ မနှစ်ကထက် ဈေးတက်နေပြီး တလုံးကို အနည်းဆုံး ကျပ် ၅၀၀ ကနေ ၈၀၀ ကျပ်အထိ တက်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားကို သစ်သီးတွေ မပို့နိုင်ဘဲ ပူတာအိုမှာ သောင်တင်နေတာကြောင့် အချိန်ကြာလာနဲ့အမျှ အသီးတွေ ပုတ်ကုန်လို့ ရောင်းသူတွေ အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။ အသီးရောင်းချတဲ့ ဒေါ်ဂျဲမာညီက “အခု ပူတာအိုမှာရှိတဲ့ ကား တစီး နှစ်စီးစာ အသီးတွေကို ဘယ်လို သယ်ရမှန်း မသိတော့ဘူး။ အပုပ်ကတော့ ဖြစ်တော့မှာ။ တဝက်ကတော့ ရှုံးတော့မယ်”လို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပူတာအိုမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေလည်း တက်နေလို့ ဒေသခံတွေ အခက်အခဲ တွေ့နေကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024