A d v e r t i s e m e n t With Us

စပါးနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့တွင် ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင် ပါဝင်ရန် မသေချာ

စပါးအသင်းနဲ့ ချန်​ပီယံလိဂ်​ ဒုတိယအ​ကျော့ပွဲစဉ်​မှာ တိုက်​စစ်​မှူး ဟီဂူအင်​ ပါဝင်​နိုင်​ဖို့ မ​သေချာဘူးလို့ ဂျူဗင်​တပ်​အသင်းက ထုတ်​ပြန်​လိုက်​ပါတယ်​။ ဟီဂူအင်​ဟာ လိဂ်​ပွဲစဉ်​တပွဲဖြစ်​တဲ့ တိုရီနိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်​ရရှိတဲ့ပွဲစဉ်​မှာ ​ခြေချင်းဝတ်​ဒဏ်​ရာ ရရှိခဲ့တာဖြစ်​သလို မတ်​လ ၇ ရက်​​နေ့ ကစားမယ့်ပွဲစဉ်​မှာ လွဲ​ချော်​နိုင်​တာပဲ ဖြစ်​ပါတယ်​။ ပထမအ​ကျော့တုန်းက တဖက်​နှစ်ဂိုးစီ သ​ရေကျခဲ့တာမှာ ဟီဂူအင်​က နှစ်ဂိုးသွင်းယူ​ပေးခဲ့ပါတယ်​။ ဟီဂူအင်​ဟာ တိုရီနိုဂိုးသမား ဆီရီဂူနဲ့ တိုက်​မိခဲ့တာဖြစ်​ပြီး ပြန်​လည်​ကစားခဲ့​ပေမယ့် ချက်​ချင်းဆိုသလို ဘာနာဒက်​စ်​ချီနဲ့ လူစားလဲ​ခဲ့ရပါတယ်​။ အဲဒီနောက်​ ဟီဂူအင်​ကို အရန်​ခုံမှာ နာကျင်​စွာထိုင်​​နေတဲ့ပုံစံကို ​တွေ့မြင်​ခဲ့ရပါတယ်​။ သတင်း​ကောင်းတခုက​တော့ တိုက်​စစ်​မှူး ဒိုင်​ဘားလား ​ဒဏ်​ရာက သက်​သာလာတဲ့အတွက်​ စပါးအသင်းနဲ့ပွဲစဉ်​မှာ ပါဝင်​လာနိုင်​တာပဲ ဖြစ်​ပါတယ်​။ စပါးအသင်းက​တော့ ပထမအ​ကျော့မှာ အ​ဝေးကွင်းသွင်းဂိုး ၂ ဂိုး ရရှိထားခဲ့လို့ ​နောက်​တဆင့် တက်​​ရောက်​ဖို့ အ​ခြေအ​နေ​ ကောင်း​နေခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up