စိုက်ပျိုးရေးလုပ်သည့် အမျိုးသမီးများအတွက် အတိုး ၃ ရာခိုင်နှုန်းဖြင့်ငွေထုတ်ချေး
သူဇာလင်း
·
February 19, 2018
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာ ၁၀ က ကွမ်းစိုက်ပျိုးရေးလုပ်တဲ့ အမျိုးသမီးတွေနဲ့ ပန်းစိုက်ပျိုးတဲ့ အမျိုးသမီး ၁၀၂ ယောက်ကို မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်းကနေ ဒီကနေ့ ချေးငွေတွေ ထုတ်ချေးပေးခဲ့ပါတယ်။
အမျိုးသမီးတစ်ယောက်ကို ငွေကျပ် ၅ သိန်း ၁ နှစ်ထုတ်ချေးတာဖြစ်ပြီး အတိုးနှုန်းကတော့ ၃ ရာခိုင်နှုန်းဖြစ်ပါတယ်။
မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက စိုက်ပျိုးရေးလုပ်တဲ့အမျိုးသမီးတွေကို ၂၀၀၅ ခုနှစ်ကတည်းက ချေးငွေထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။