DVB Logo
Home
မြန်မာသတင်း
နို့ဖိုးဒုက္ခသည်စခန်းတွင် ဒုက္ခသည်အချို့ ထပ်မံဆန္ဒပြ
DVB
·
May 15, 2012
နို့ဖိုးဒုက္ခသည်စခန်းတွင်  ဒုက္ခသည်အချို့ ထပ်မံဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင် အုန်ဖန်မြို့နယ် နို့ ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၁၀၀ ကျော် ဟာ  ဒီမနက် စခန်းတွင်းမှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိပ်ခ်ျစီအာ) ရုံးကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ပီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း ဆန္ဒပြခဲ့ကြပြီး  သူတို့ တောင်းဆိုထားတဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး တတိယနိုင်ငံ ထွက်ခွင့်ရရေးနဲ့ ပတ်သက်ပြီး အဖြေမရရှိသေးတာကြောင့် ဒီမနက်မှာ ထပ်ပြီး ဆန္ဒပြကြတာပါ။

ဒီဒုက္ခသည်တွေဟာ ၂၀၀၉ ကနေ ၂၀၁၁ အထိ နို့ ဖိုးဒုက္ခသည် စခန်းမှာ ၀င်ရောက် ခိုလှုံနေ သူတွေ ဖြစ်ပါတယ်။ သူတို့ကို အခုချိန်ထိ  ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် မပြုသေးတဲ့အတွက်  အနာဂတ်မဲ့ နိုင်ငံပျောက်နေ တဲ့ အခြေအနေကနေ အမြန်လွတ်မြောက်ဖို့ အခုလို ဆန္ဒပြကြတာ လို့ ဒုက္ခသည်တွေ က ပြောပါတယ်။

ဒုက္ခသည်တဦးက “စက္ကန့်နဲ့အမျှ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ဟာ ဘာမှမလုပ်နိုင်ဘဲနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ကျနော်တို့ အနာဂတ်ပျောက်နေတယ်။ အိမ်တွေပျောက်နေတယ်။ နိုင်ငံပျောက်နေတယ်။ ဒီအခြေအနေက အမြန်ဆုံးလွတ်မြောက်ဖို့ ယူအန်အိပ်ခ်ျစီအာက တဆင့် ထိုင်းနိုင်ငံအစိုးရနဲ့ ကမ္ဘာကိုပြောကြားပေးဖို့ ကျနော်တို့လာရောက်ပြီး ဆန္ဒပြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ  “ကျွန်ုပ်တို့ အနာဂတ်က ဘယ်မှာလဲ(Where is our Future)၊ ကျွန်ုပ်တို့ကို ကူညီကြပါ(Help us)၊ ကျေးဇူးပြုပြီး တံခါးဖွင့်ထားပေးပါ (Please open the door)” စတဲ့ ပိုစတာငယ်တွေ ကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရေးသာမက  စားနပ်ရိက် ခာလုံလောက်စွာ ထောက်ပံ့ပေးရေး၊   အနာဂတ်မဲ့နေမှု နဲ့ နိုင်ငံမဲ့ဖြစ်နေမှု တို့ကို ဖြေရှင်းဆောင်ရွက်ပေးရေး နဲ့  ယူအန်အနေနဲ့ ဒုက္ခသည် အရေးအား ပိုမို အလေးထား လုပ်ဆောင်ပေးရေး စတာတွေ ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ အမျိုးသမီးတဦးက စခန်းတွင်းနေထိုင်ရမှု ခက်ခဲပုံကို အခုလို ပြောပါတယ်။

“စောင့်နေရတာ ၅ နှစ်ကျော်ပါပြီရှင်။ နေရထိုင်ရတာ အရမ်းဒုက္ခရောက်ပါတယ်။ ကျမတို့ကလေးတွေ လည်း အရမ်း ဒုက္ခရောက်ပါတယ်။ ဒီမှာလုပ်ကိုင်စားသောက်ရတာလည်း အရမ်းကို ခက်ခဲ ပါတယ်။ ကြုံရာကျပန်း လုပ်ကိုင် စားသောက်ရတယ်။”

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း ၁၇၀၀၀ ကျော်ရှိပြီး ယူအန်က အသိအမှတ် မပြုသေး သူပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ သိရပါသည်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နို့ဖိုးဒုက္ခသည်စခန်းတွင် ဒုက္ခသည်အချို့ ထပ်မံဆန္ဒပြ