မြေပုံမြို့နယ်တွင် လုပ်သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ လုပ်သေနတ် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ဖမ်းဆီးရမိခဲ့ပါတယ်။ ကိုရံပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ မြေပုံမြို့နယ် ပြည့်ချောင်းကျေးရွာနေ ဦးလှရွှေ (၄၂-နှစ်) ရဲ့ နေအိမ်အား ဝင်ရောက် ရှာဖွေရာ အရှည် ၅ ပေ၊ ၄ လက်မလောက်ရှိ လုပ်သေနတ် ၂ လက်၊ ယမ်းစိမ်း ၂ ကျပ်ခွဲသား၊ ခဲသီး ၉ လုံး၊ ယမ်းခွေ ၉၀ ခု၊ ကျောပိုးအိတ် ၁ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ဦးလှရွှေကို မြေပုံမြို့မရဲစခန်းက လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up