Home
မြန်မာသတင်း
သုံးစွဲသူများကို လူမှုရေးပြစ်ဒဏ်သာချမည့် မူးယစ်ဆေးဝါးဥပဒေ သမ္မတ ထုတ်ပြန်
DVB
·
February 19, 2018
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို သမ္မတက ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ်မပေးဘဲ လူမှုရေးပြစ်ဒဏ်သာ ချမှတ်ဖို့ ဥပဒေမှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြင်ဆင်ပြဋ္ဌာန်းပြီးတဲ့နောက် သမ္မတက လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်သတ်မှတ်လိုက်တဲ့ မူးယစ်ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူတွေကို ထောင်ဒဏ်အပြစ်မပေးတော့ဘဲ အနီးဆုံးဆေးရုံတွေကို ပို့ဆောင်ပြီး သင်တန်းကျောင်းများကို ဆက်လက်စေလွှတ်ကာ လူမှုရေးပြစ်ဒဏ်ပဲ ချမျတ်မှာ ဖြစ်ပါတယ်။ အရင် ပြဋ္ဌာန်းထားတဲ့ မူးယစ်ဥပဒေမှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမျတ်နိုင်ပါတယ်။ ဥပဒေအသစ်မှာ” ဘိန်းဖြူ (ဟီးရိုးအင်း) ဖြစ်ပါက သုံးဂရမ်၊ မော်ဖင်းဖြစ်ပါက သုံးဂရမ်၊ ဘိန်းဖြူ (ဟီးရိုးအင်း)နှင့် မော်ဖင်း နှစ်ခုပေါင်း သုံးဂရမ်၊ ဘိန်းစိမ်း (သို့မဟုတ်)  ပြုပြင်ထားသည့် ဘိန်း (သို့မဟုတ်) နှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ဆေးခြောက် (သို့မဟုတ်) ဆေးခြောက်အဆီ (သို့မဟုတ်) ယင်းနှစ်ခုပေါင်း ၁၀၀ ဂရမ်၊ ကိုကာရွက်ဖြစ်ပါက ၁၀၀ ဂရမ်၊ ကိုကင်းဖြစ်ပါက သုံးဂရမ်၊ ကျန်း မာရေးဝန်ကြီးဌာနက မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးအဖြစ် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အလေးချိန် ပမာဏ (သို့မဟုတ်) အရေအတွက်ကို သတ်မှတ်ချက်ထက်ဖြစ်စေ၊ သတ်မှတ်ချက်ထက် ကျော်လွန်၍ဖြစ်စေ လက်ဝယ်တွေ့ရှိပါက ရောင်းချရန်အလို့ငှာ လက်ဝယ်ထားသည်ဟု လည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်လျှင် ရောင်းချရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု မှတ်ယူရမည်”လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024