A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၁ ဦးသေ

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၈၀/၀ နဲ့ ၁ အကြား ဝမ်းတွင်းမြို့နယ် အောင်သာရွာထိပ်မှာ ရပ်ထားတဲ့ Express ကားနောက်ပိုင်းကို ၁၂ ဘီးကားက ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ရွှေတောင် ရဲစခန်းက ပြောပါတယ်။ ခရီးသည်တင် Express ကားဟာ ခရီးသည်တွေ အပေါ့အပါးသွားဖို့ ရပ်ထားပြီး လားရာတူက ယာဉ်မောင်း ကိုကိုအောင် မောင်းလာတဲ့ ၁၂ ဘီးကား အရှိန်မထိန်းနိုင်ဘဲ Express ကားနောက်ပိုင်းကို ဝင်တိုက်ရာ Express ကားရှေ့ရှိနေတဲ့ အသက်၂၃ နှစ်ရှိ ယာဉ်နောက်လိုက်ကျော်သူမင်းကို ကြိတ်မိပြီး ကားက အနီးရှိ အိမ်ထဲအထိ ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ ရွှေတောင်ရွာရဲစခန်းစခန်းမှူးရဲအုပ်ကျော် နိုင်စိုးက “Express ကားက ယာဉ်နောက်လိုက် ကျော်သူမင်းမှာ ဆီးခုံအထက်ပေါက်ပြဲပြီး ‎နားနဲ့နှာခေါင်းက သွေးထွက်တယ်။ နေရာတင်သေဆုံးသွားတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးတယ်။ ခရီးသည်တွေ ဒဏ်ရာမရကြဘူး။ ၁၂ ဘီးကား အရှိန်ပြင်းသလား မေးမနေနဲ့ Expressကားကို တိုက်လိုက်တာ ရွာဆိုင်းဘုတ်ပျက်ပြီး လူနေအိမ်ထဲအထိ ရောက်သွားတယ်” လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းမှာ ၁၂ဘီးကား ယာဉ်မောင်း ကိုကိုအောင်ကို ယာဉ်မဆင် ‎မခြင်မောင်းလို့ လူသေမှု၊ ယာဉ်ပေါ့ဆစွာမောင်းမှု ရာဇသတ်ကြီးပုဒ်မ ‎၃၀၄-က/၂၇၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up