Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
February 19, 2018
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီး မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ သတင်းရရှိတာကြောင့် တပ်မတော်စစ်ကြောင်းတွေနဲ့ ဒေသခံ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းတွေက ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်ထိသွားရောက် ရှာဖွေရှင်းလင်းခဲ့တာပါ။ ရှာဖွေရှင်းလင်းရာမှာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ယာယီအဆောက် အဦ ၃၄ လုံး၊ မီးစက်ကြီး ၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်ဆစ်ပေပါ ၂၁၀ လုံး၊ ဒီဇယ်ပေပါ ၁၆၅ လုံး၊ ဓာတ်ဆီပေပါ ၆၀ လုံး၊ ပေါင်းအိုး ၃၂ လုံး၊ အက်ဆစ်ပုလင်း ၂၀၀ လုံး၊ ၂ လီတာဆံ့အက်ဆစ် ၆၀၀ ဘူး၊ ကော့စတစ်ဆိုဒါအိတ် ၇၅၀ အိတ်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၁၅၀ ပုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၁၀၀ ပြား၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁၀၀၃၀ ကီလိုဂရမ်၊ အဖက်ဒရင်း / ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ် ICE ၂၅၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်)ကို သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ အဆိုပါနေရာနဲ့  အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ပူးပေါင်းအဖွဲ့တွေက ဆက်လက် ရှာဖွေရှင်းလင်းလျက်နေပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024