အက်ဖ်အေဖလား ရော့ခ်ျဒေးလ် ၂-၂ စပါး (ရုပ်သံဟိုက်လိုက်)
Published By
DVB | 19 February, 2018
1.4K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စပါးအသင်းနဲ့ ရော့ခ်ျဒေးလ်အသင်းတို့ တဖက်နှစ်ဂိုးစီ သရေကျသွားပါတယ်။
ရော့ခ်ျဒေးလ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ စပါးအသင်းက အပြတ်အသတ် အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
ရော့ခ်ျဒေးလ်အသင်းအတွက် ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ဟန်ဒါဆန်က အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
စပါးအသင်းအတွက် ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲချိန် ၅၉ နဲ့ ၈၈ မိနစ်တွေမှာ လူးကပ်စ်မော်ရာက တဂိုးနဲ့ ဟယ်ရီကိန်းက ပယ်နယ်တီကတဆင့် တဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရော့ခ်ျဒေးလ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး မိနစ် ၉၀ မှာမှ ဒေးဗစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရော့ခ်ျဒေးလ်အသင်းရဲ့ အိမ်ကွင်းမှာ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် စပါးအသင်းရဲ့ ကွင်းမှာ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။