မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒထပ်ဆင့်ရှင်းပွဲ ပြုလုပ်
DVB
·
February 18, 2018
မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒထပ်ဆင့်ရှင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၇ ရက်က ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၈ ရက်က အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမှာ ပါဝင်တဲ့ အချက်အလတ်တွေကို အများသိအောင် ပြန်လည် ဝေမျှတာလို့ မြန်မာနိုင်ငံလူငယ်မူဝါဒ ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီဝင် ကိုအောင်ဘိုဘိုက ပြောပါတယ်။
အခု ကျင်းပပြုလုပ်တဲ့ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ခရိုင်သုံးခုဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်နဲ့ မိုင်းဆက်ခရိုင်တို့က လူငယ်တွေ စုစုပေါင်း နှစ်ရာကျော် တတ်ရောက်ခဲ့တယ်လို့ ကျိုင်းတုံခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြောပါတယ်။
မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒထပ်ဆင့်ရှင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးပွဲကို ကျိုင်းတုံခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသား/ကျောင်းသူတွေ တတ်ရောက်ခဲ့ကြပါတယ်။