တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာ ကမ္ဘာ့နံပါတ် ၁ နေရာ ပြန်လည်ရရှိ

1.4K
ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာဟာ နယ်သာလန် တင်းနစ်ကစားသမား ရိုဘင်ဟေ့စ်ကို ရော်တာဒမ်ဖလား ကွာတားဖိုင်နယ်အဆင့်မှာ အနိုင်ရရှိပြီး ကမ္ဘာ့နံပါတ်တစ် နေရာကိုပြန်လည်ရရှိခဲ့ပါတယ်။
ထို့အတူ တင်းနစ်သမိုင်းတလျှောက် အသက်အကြီးဆုံး ကမ္ဘာ့နံပါတ်တစ် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဖက်ဒါရာရဲ့ လက်စွမ်းကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ကမ္ဘာ့နံပါတ် တစ်နေရာမှာရှိနေတဲ့ စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်ဟာ အဆင့် နှစ်နေရာသို့လည်း ကျဆင်းသွားခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဖက်ဒါရာဟာ ယခင်က အသက်အကြီးဆုံးကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့တဲ့ အဂ္ဂါဆီရဲ့ အသက် ၃၃ နှစ်စံချိန်ကိုလည်း ချိုးဖျက်သွားခဲ့ပါတယ်။
လက်ရှိမှာ ဆွစ်ဇာလန်မာစတာ ပြိုင်ပွဲဖစ်တဲ့ ရော်တာဒမ်ဖလားမှာ ဖက်ဒါရာအနေနဲ့ ရလဒ်ကောင်းရရှိဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။
ဖက်ဒါရာဟာ ဒုတိယနေရာက ရာဖေးလ်နာဒယ်နဲ့ ၂၅ မှတ်အသာရရှိနေပါတယ်။
ဖက်ဒါရာအနေနဲ့ လာမယ့်လတွေမှာ အင်ဒီးယန်းဝဲလ် ပြိုင်ပွဲနဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေမှာ မနှစ်ကသူရရှိထားတဲ့ ချန်ပီယံဆုတွေကို ကာကွယ်သွားရမှာဖြစ်သလို ပြိုင်ဘက်တွေဖြစ်တဲ့ နာဒယ်၊ ဂျူကိုဗစ်၊ အန်ဒီမာရေး တို့ဟာလည်း ဒဏ်ရာပြသနာတွေ အသီးသီးရှိနေလို့ ကမ္ဘာ့နံပါတ်တစ် နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။