Home
မြန်မာသတင်း
ဟုမ္မလင်းမြို့ အနောက်တောင်ဘက်တွင် ငလျင်လှုပ်ခတ်
DVB
·
February 18, 2018
ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြပြီး ငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၇ လောက်အကွာ မြောက်လတ္တီတွဒ် ၂၄.၆၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၇၈ ဒီဂရီ၊ အနက် ၃၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၃.၆) အဆင့်ရှိ အင်းအားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း မှော်ဘီမြို့ရဲ့အရှေ့ဘက် ၆ မိုင်လောက်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၆) အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024