A d v e r t i s e m e n t With Us

မူးယစ်ဆေးဝါးထုတ်ရာတွင် အသုံးပြုသည့် ပစ္စည်များနှင့် ပြောက်ကျားဝတ်စုံများ သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်းကျေးရွာအနီးမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပြောက်ကျားယူနီဖောင်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီလောက်က လွယ်ခန်းကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ မူးယစ်ဆေးဝါးချက်လုပ်သူတွေ နေထိုင်ခဲ့တဲ့ တဲ ၁၅ လုံး၊ REEZER သုံးလုံး၊ မီးစက်ကြီး သုံးလုံး၊ ဆီနဲ့အက်စစ်တွေထည့်ထားတဲ့ ပီပါ ၅၀ လုံး၊ အက်စစ်ပုံး ၃၀ လုံး၊ ဘိန်းချက်ရာမှာ အသုံးပြုတဲ့ ဖန်ပေါင်းအိုး ငါးလုံး၊ ဂက်စ်အိုးကြီး ၁၀ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား ၁ လုံးနဲ့ ပြောက်ကျားယူနီဖောင်း ၁၅ စုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။ အဆိုပါသိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေကို ကွတ်ခိုင်မြို့နယ်ရဲစခန်းကို လွှဲပြောင်းအပ်နှံသွားမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up