A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

မက္ကဆီကိုနိုင်ငံမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရစ်ချက်တာစကေး ၇ ဒသမ ၂ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်းပြည်နယ် အိုရာဆါကာမှာ အဆောက်အဦတချို့ နည်းနည်း ပျက်စီးတယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ သေဆုံးမှုရှိမရှိကိုတော့ မကြေညာသေးပါဘူး။ မြေငလျင်ဗဟိုချက်ဟာ အိုရာဆါကာပြည်နယ်က ပစ္စဖိတ်ကမ်းရိုးတန်း အပန်းဖြေကမ်းခြေတစ်ခုနဲ့ နီးကပ်ခဲ့ပြီး အနက် ၁၅ ဒသမ ၃ မိုင်မှာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ပထ၀ီမြေမျက်နှာသွင်ပြင်တိုင်းတာရေးဌာနက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနဲ့ မြို့တော်ဟာ စက်တင်ဘာလက လှုတ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် အပျက်အစီးတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up