A d v e r t i s e m e n t With Us

ဘိုလီးဗီးယားတွင် မိုးကြီး ရေလွှမ်းမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိ

ဓာတ်ပုံ - ရိုက်တာ
ဘိုလီးဗီးယားနိုင်ငံမှာ မိုးရာသီ မိုးကြီး ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၅ ဦး ရှိနေပြီလို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ နေရာရွှေ့ပြောင်းထားရတဲ့ မိသားစုဝင် အရေအတွက်ကလည်း ၁၄၈၀၀ အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားရတဲ့ မြို့နယ် ၁၁၆ မြို့နယ်ရှိပြီး နိုင်ငံအလယ်ပိုင်း လော့စ်ရန်ဂက်စ်ဒေသ၊ မြို့တော် လာပက်ဇ်နဲ့ ကိုချာဘမ်ဘာမြို့တွေမှာ ရေလွှမ်းမိုးမှုက အဆိုးရွားဆုံး ဖြစ်ပါတယ်။ အခုလို နိုင်ငံတဝန်း မိုးကြီးရေလျှံမှုတွေအတွက် ဘိုလီးဗီးယားသမ္မတ အဲဗိုမိုရာလက်စ်က အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up