လက်ကိုင်အိတ်ကို စိတ်မချ၍ X-ray စက်ထဲ လူပါလိုက်ဖြတ်ခဲ့သည့် အမျိုးသမီး (ရုပ်သံ)
Published By
DVB | 16 February, 2018
2.2K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံတောင်ပိုင်းမှာ အမျိုးသမီးတဦးဟာ သူ့ရဲ့ ခရီးဆောင်လက်ကိုင်အိတ်ကို စစ်ဆေးဖို့ X-ray စက်ထဲ ဖြတ်သန်းချိန် စိတ်မချတဲ့အတွက် လူပါ စက်ထဲဝင်ဖြတ်ခဲ့တယ်လို့ ဟောင်ကောင်အက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း မြို့တော်ဖြစ်တဲ့ ဒေါင်ဂွမ်းမြို့ ရထားဘူတာရုံထဲမှာ ဖေဖော်ဝါရီ ၁၁ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးသွားခဲ့ပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးရဲ့ ကိုယ်လုံးကောက်ကြောင်းကို X-ray ထဲမှာ အတိုင်းသား မြင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
သူဟာ လက်ကိုင်အိတ်ထဲမှာပါတဲ့ ငွေတွေကို စိတ်မချဘဲ ခုလို X-ray ထဲကတဆင့် ဖြတ်သွားခဲ့တာဖြစ်ပြီး စက်ကိုဖြတ်ပြီး ထွက်လာတဲ့ တခြားသူတွေရဲ့ ပစ္စည်းတွေနဲ့အတူ အဲဒီအမျိုးသမီးလည်း ပြန်ထွက်လာခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။
ဒီအဖြစ်အပျက်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
လူတွေကလည်း ဝေဖန်နေကြပြီး သူ့အိတ်ထဲမှာ သူ့ရဲ့ တကိုယ်လုံး အရှက်ထက် ပိုတန်ဖိုးကြီးတဲ့ ဘယ်လိုအရာတွေများ ပါဝင်နေတာလဲဆိုပြီး ပြောနေကြတာပါ။
တရုတ်နိုင်ငံမှာ ရထားဘူတာရုံတွေ နေရာအနှံ့ ခုလို X-ray စစ်ဆေးတဲ့စက်တွေ ထားရှိတာဖြစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။