Live
Home
မြန်မာသတင်း
ကန့်ဘလူတွင် ယာဉ်တိမ်းမှောက် မီးလောင်မှုကြောင့် ၁ ဦး သေဆုံး၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
February 16, 2018
ကန့်ဘလူမြို့နယ်၊ မြစ်ကြီးနား-ရွှေဘိုလမ်း ယာဉ်တိမ်းမှောက် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်က ကန့်ဘလူမြို့နယ် မြစ်ကြီးနား-ရွှေဘို မဟာဗျူဟာကားလမ်း မိုင်တိုင် (၂၈/၄-၅) ကြားမှာ ပြည့်စုံအောင် မောင်းနှင်ပြီး လူ ၁၀ ဦး လိုက်ပါလာတဲ့ MDY 8D-×××× လိုက်ထရပ်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ကို တိမ်းမှောက်မီးလောင်ခဲ့တာပါ။ ယာဉ်ပေါ်လိုက်ပါလာတဲ့ ဒေါ်လှရီတွင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်၊ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြည့်စုံအောင်အား နမစ (ဇီးကုန်း) ယာဉ် (ပ) ၉/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/မီးပေါ့ဆမှု) တို့နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024