A d v e r t i s e m e n t With Us

တောင်အာဖရိကသမ္မတဟောင်းနှင့် ပတ်သက်သည့် လုပ်ငန်းရှင်နေအိမ်အား ရဲတပ်ဖွဲ့ စီးနင်း

  တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ဇူးမားရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်မှုရှိတဲ့ လုပ်ငန်းရှင် ဂုပတ္တားမိသားစုရဲ့ စံအိမ်ကို ဖေဖော်ဝါရီ ၁၄ ရက်က ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီလို စီးနင်းမှုမှာ ဂုပတ္တား မိသားစုဝင်တဦး အပါအဝင် လူနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။ ဒီစီးနင်းမှုဟာ သမ္မတဇူးမားအပေါ် ဖိအားပေးမှု သိသိသာသာ တိုးမြင့်လာတဲ့ အမှတ်လက္ခဏာဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိ နိုင်ငံရေးအဖွဲ့တွေက ဇူးမားကို နိုင်ငံသယံဇာတတွေကို ကိုယ်ကျိုးစီးပွားအတွက် ညှစ်ထုတ်နေတယ်ဆိုပြီး စွပ်စွဲပြောကြားလိုက်ပါတယ်။ “နောက်ဆုံးတော့ ဖြစ်လာပါပြီ။ ဒီလူတွေ နိုင်ငံက ထွက်သွားရမယ်။ ကျမတို့တွေကို ဆက်ဒုက္ခမပေးသင့်တော့ဘူး။ သူတို့ဖျက်ဆီးတာတွေ တော်လောက်ပြီ။ သမ္မတ ဇူးမားတော့ ရာထူးက ဆင်းပေးရမှာ သေချာနေပါပြီ။ ဇူးမားကို ကျမ အပြစ်မတင်ပါဘူး။ ဒါပေမယ့် သူရာထူးက ဆင်းပေးမှဖြစ်မယ်။ ကျမတို့ ခေါင်းဆောင်သစ် လိုအပ်ပါတယ်” လို့ ဂုပတ္တားရဲ့ အိမ်နီးချင်းတဦးက ပြောပါတယ်။ သမ္မတ ဇူးမားဟာ ဂရင်းနစ်စံတော်ချိန် ၈ နာရီအချိန်မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်တဲ့အတွက် အစိုးရရုံးစိုက်ရာ ပရီတိုးရီးယား သမဂ္ဂ အဆောက်အဦမှာ သတင်းဌာနယာဉ်တွေ ရောက်ရှိ နေရာယူထားကြတယ်လို့ ဘဏ္ဍာရေးဝန်ကြီး မာလီစီဂီဂါဘာက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up