A d v e r t i s e m e n t With Us

အီရတ် ပြန်လည်ထူထောင်ရေး မဟာမိတ်နိုင်ငံများ ဒေါ်လာ ၃၀ ဘီလီယံ ကူညီမည်

အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ထောက်ပံ့ကူညီပေးဖို့ မဟာမိတ်နိုင်ငံတွေက ဖေဖော်ဝါရီ ၁၄ ရက်က ကတိပြုပြောကြားခဲ့ပါတယ်။ အခုလို ထောက်ပံ့ကူညီမှုမှာ အများစုက ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ အီရတ်နိုင်ငံဟာ ၃ နှစ်ကြာ စစ်ပွဲကနေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် မဟာမိတ်နိုင်ငံတွေထံကနေ ထောက်ပံ့ကူညီငွေ  ဒေါ်လာ ၈၈ ဘီလီယံ အလိုရှိခဲ့တာပါ။ “ကတိကဝတ်အတိုင်း အီရတ်နိုင်ငံကို ချေးငွေ ၁ ဘီလီယံနဲ့ ရင်းနှီးမြုပ်နှံမှု ၁ ဘီလီယံ ကူဝိတ်နိုင်ငံက ထောက်ပံ့ကူညီမယ့်အကြောင်း ကြေညာခွင့်ရလို့ ကျနော်ဝမ်းမြောက်မိပါတယ်” လို့ ကူဝိတ်စော်ဘွား ရှိတ်ဆာဘာအာလ်အာမတ်ဆာဘာက ပြောပါတယ်။ “အမှန်တော့ အီရတ်နိုင်ငံ လိုအပ်နေတာထက် အများကြီးနည်းနေပါတယ်။ ဒါက ဖုံးဖိထားစရာတော့ မဟုတ်ပါဘူး။ အဖျက်ဆီးခံလိုက်ရတဲ့မြို့တွေ၊ ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေ ဒါတွေအားလုံးက တန်ဖိုးမဲ့ခဲ့ပါတယ်။ ကျနော်တို့လိုချင်သလောက်တော့ မရနိုင်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒေါ်လာ ၃၀ ဘီလီယံဆိုတာကလည်း နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကျပ်အတည်းဖြစ်နေတဲ့ အခြေအနေမှာ နိုင်ငံတကာက စိတ်ပါဝင်စားမှု နည်းပါးနေတယ်ဆိုတာကို ပြသနေပါတယ်” လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဗရာဟမ် အယ်လ် ဂျာဖာရီက ပြောကြားသွားခဲ့ပါတယ်။ အီရတ်နိုင်ငံဟာ ၂၀၀၃ အမေရိကန်စစ်ပွဲအပြင် အိုင်အက်စ် အကြမ်းဖက်တွေကို မတိုက်ထုတ်နိုင်သေးတဲ့အချိန်ထိ နိုင်ငံရဲ့ သုံးပုံတပုံလောက်ကို အိုင်အက်စ်တွေက သိမ်းပိုက်ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် တနိုင်ငံလုံးနီးပါး စစ်ဘေးစစ်ဒဏ် ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up