A d v e r t i s e m e n t With Us

သီရိလင်္ကာတွင် ဂိုဒေါင်ဟောင်းတလုံး ပြိုကျ၊ အနည်းဆုံး လူ ၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
သီရိလင်္ကာမြို့တော် ကိုလံဘိုက လက်ဖက်ဂိုထောင်ဟောင်းတလုံး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြိုကျခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့ဂိုထောင်ဟာ ပရီမာဒါဝါ ခရစ်ကက်ကွင်းအနီးမှာ ရှိပါတယ်။ ပြိုကျချိန် ဂိုထောင်ထဲမှာ အနည်းဆုံး လူ ၁၂ ဦး ရှိနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆေးရုံကို အလောင်း ၇ လောင်း သယ်လာတာ တွေ့ခဲ့ရတယ်လို့လည်း သီရိလင်္ကာ အမျိုးသားဆေးရုံအနီး နေထိုင်သူတဦးက ပြောပါတယ်။ အပျက်အစီးတွေကြားထဲ ပိတ်မိသူတချို့ ရှိနေနိုင်တာကြောင့် ရဲတပ်ဖွဲ့၊ မီးသတ်သမားတွေနဲ့ စစ်သားတွေက ကြိုးစားရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up