ဖားကန့်တွင် ကျောက်ကမ်းပါးယံပြိုကျ၊ ကျောက်ခဲထိမှန်၍ ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ကျောက်ကမ်းပါးယံ ပြိုကျပြီး  ကျောက်ခဲထိမှန်လို့ အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအနီး ယူနတီ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း အမြင့်ပေ ၁၅၀ လောက်ရှိ ကျောက်ကမ်းပါးယံက ကျောက်ခဲတွေ ပြိုကျခဲ့တာမှာ ရေမဆေးကျောက် ရှာဖွေနေသူ ၂ ဦး ကျောက်ခဲထိမှန်ပြီး ပါးစပ်၊ နှာခေါင်း သွေးထွက်၊ ယာဦးခေါင်း၊ ပခုံး ပေါက်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။ သေဆုံးသွားသူတွေကို ဖားကန့် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်းက သေမှုသေခင်းနဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up