ကန္တရ၀တီမြို့တော် လွိုင်ကော်က နောင်ယားဈေးနေ့နံနက်ခင်း မြင်ကွင်း (ဓာတ်ပုံ)
DVB
·
February 15, 2018
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ပေါ်မှာ ငါးရက်တခါ ဖွင့်လှစ်ရောင်းချနေတဲ့ နောင်ယားဈေးနေ့မှာ ဒေသထွက် ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကုန်စိမ်းကုန်ခြောက်နဲ့ အ၀တ်အထည်အသုံးအဆောင် စတာတွေ အစုံအလင် ရရှိနိုင်ပါတယ်။
နောင်ယားဈေးထဲမှာ ရိုးရာအစားအစာတွေဖြစ်တဲ့ ကယားဝက်အူချောင်း၊ ၀က်သားချဉ်၊ ကြက်သားချဉ်၊ ငါးထမင်းနယ်၊ ထမင်းဝါနဲ့ မုန့်မျိုးစုံ စတာတွေအပြင် ခေါင်ကျရည်နဲ့ နွားသားရည်အသုတ် ကအစ ၀ယ်ယူရရှိနိုင်တာဖြစ်ပါတယ်။
ဓာတ်ပုံ - ကိုဈာန်