ရိုက်တာသတင်းထောက်ကို ဖမ်းဆီးမှု ရဲလုပ်ထုံးလုပ်နည်းနှင့် ညီမညီမသိခဲ့ဟု ဒုရဲအုပ်ထွက်ဆို

  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ အရေးယူဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ (၅) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။ ဒီရုံးချိန်းမှာ ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးခဲ့တဲ့အချိန်က ပါဝင်ခဲ့တဲ့ ထောက်ကြန့် ရဲစခန်းက တရားလိုပြသက်သေ ဒုရဲအုပ်မျိုးကိုကို စစ်ဆေးခဲ့ရာမှာ သူတို့ဖမ်းဆီးခဲ့တဲ့ အချိန်က ရဲလုပ်ထုံးလုပ်နည်း၊ ရဲလက်စွဲဥပဒေတွေနဲ့ ညီတာ မညီတာ မသိခဲ့ဘူးလို့ ထွက်ဆိုခဲ့ကြောင်း ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။ ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ထောက်ကြန့်နယ်မြေရဲစခန်းက အရေးကြီး လုံခြုံရေးစာရွက်စာတမ်းတွေကို တရားမဝင်သတင်းရယူဆောင်ရွက်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ စပြီး ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဇန်န၀ါရီ ၂၃ ရက်နေ့မှာ မင်္ဂလာဒုံမြို့မရဲစခန်းက မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးယုနိုင်ဟာ တရားလိုပြုလုပ်ပြီး ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို အရေးယူပေးဖို့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (ဂ) နဲ့ တရားစွဲတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် (၄) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တုန်းကလည်း ထောက်ကြန့်ရဲစခန်းက တရားလိုပြသက်သေဖြစ်သူ ဒုရဲအုပ်တင်ထွေးဦးက ရဲမှတ်တမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာမျိုးရှိခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up