Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တရားရုံးမထီမဲ့မြင်လုပ်မှုဖြင့်ထောင် ၆လချ
DVB
·
February 14, 2018
  ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံထားရတဲ့ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ တရားရုံးမှာ အမှုစစ်မခံဘဲ သပိတ်မှောက်ခဲ့တာကြောင့် ဒဂုံဆိပ်ကမ်းတရားရုံးက သူ့ကို တရားရုံး မထီမဲ့မြင်ပုဒ်မ ၂၈၈ နဲ့ ထပ်တိုးတရားစွဲဆိုပြီး ထောင်ဒဏ် ၆ လ အမိန့်ချမှတ်လိုက်ပါတယ်။ ကလေးစစ်သားဟောင်း အောင်ကိုထွေးဟာ ပုဒ်မ ၅၀၅ (ခ)အမှု တရားရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် တရားစီရင်ရေးကို အယုံကြည်မရှိကြောင်း စကားတခွန်းကိုသာ တရားရုံးမှာ ဆက်တိုက် ကြွေးကျော်နေပြီး တရားခွင်မှာ လုံးဝအမှုစစ်တာ မခံဘဲနေနေခဲ့တာ ဖြစ်ပါတယ်။ “ကျနော် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို အယုံကြည်မရှိပါဘူး။ ကျနော် ကလေးစစ်သား ဘ၀မှာ မတရားခံခဲ့ရတာကို ပြန်ပြောတယ်။ ဒါကို တရားစွဲတယ်။ ဒါကို မတရားကြောင်း ပြောတော့ တရားရုံးမထီမဲ့မြင်နဲ့ ထပ်စွဲတယ်” လို့ ဒီကနေ့ ရုံးထုတ်မှာ ကိုအောင်ကိုထွေးက ပြောပါတယ်။ လက်ရှိမှာ ကိုအောင်ကိုထွေးဟာ အမှုစစ်မခံဘဲ တရားရုံးကို သပိတ်မှောက် ဆန္ဒပြတာကြောင့် သူရဲ့ရှေ့နေ လည်း ပါဝါရုပ်သိမ်းခံခဲ့ရပါတယ်။ ကိုအောင်ကိုထွေးကို တရားရုံးမထီမဲ့မြင်မှုနဲ့ ဒဂုံဆိပ်ကမ်းတရားရုံး ခရိုင်တရားသူကြီးက တရားလိုပြုလုပ်စွဲဆိုကာ ထောင်ဒဏ်ခြောက်လချမှတ်လိုက်ပြီးတော့ မူလ တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)အမှုအတွက်  ဆက်လက်တရားရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024