A d v e r t i s e m e n t With Us

သမ္မတ၏ပြုပြင်​ပြောင်း​လဲ​ရေး​ မိန့်​ခွန်း​နှင့်​ပတ်သက်ပြီး​ ကို​အောင်သူငြိမ်း​ကို ​မေး​မြန်း​ချက်

နိုင်ငံ​တော်ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​များ​ကို ပိုမို ထိ​ရောက်စွာ ပြုပြင် ​ပြောင်း​လဲကြိုး​ပမ်း​ဆောင်ရွက်​ရေး​ဆိုင်ရာ လုပ်ငန်း​ညှိနှိုင်း​အစည်း​အ​ဝေး​ကို ပြီး​ခဲ့​တဲ့​ ​မေ ၁၁ ရက်​နေ့​က ​နေပြည်​တော်မှာကျင်း​ပခဲ့​ပြီး​၊​ နိုင်ငံ​တော် သမ္မတ ဦး​သိန်း​စိန် တက်​ရောက် အမှာစကား​ပြောကြား​ခဲ့​ပါတယ်။ [caption id="attachment_25344" align="alignleft" width="300" caption="ကို​အောင်သူငြိမ်း​"][/caption] အစည်း​အ​ဝေး​ကို ဒုတိယ သမ္မတ ​ဒေါက်တာစိုင်း​မောက်ခမ်း​နဲ့​ ပြည်​ထောင်စု ဝန်ကြီး​တွေ၊​ တိုင်း​ဒေသကြီး​၊​ ပြည်နယ် အစိုး​ရဝန်ကြီး​ချုပ်​တွေ၊​ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ တိုင်း​နှင့်​ ​ဒေသ ဥက္ကဋ္ဌ​တွေ တက်​ရောက်ခဲ့​ကြပါတယ်။ သမ္မတက ကျ​နော်တို့​ အစိုး​ရရဲ့​ နိုင်ငံ​တော် ဖွံ့​ဖြိုး​တိုး​တက်မှုအတွက် ပြုပြင်​ပြောင်း​လဲ​ရေး​ မဟာဗျူဟာ ပထမအဆင့်​ (First Stage of Reform Strategy for National Development)ကို အတိုင်း​အတာ တခုအထိ ​ဆောင်ရွက်ခဲ့​ကြပြီး​ ဖြစ်ပါတယ်။ ယခု ပြုပြင်​ပြောင်း​လဲ​ရေး​ မဟာဗျူဟာ ဒုတိယအဆင့်​ (Second Stage of Reform Strategy for National Development) ကို တဆင့်​တက်ပြီး​ ​ဆောင်ရွက်ရမှာ ဖြစ်တဲ့​အ​ကြောင်း​၊​ ပြီး​ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အ​တွေ့​အကြုံအရ ဒီ​နေ့​ ပြည်သူ​တွေရဲ့​ ဆန္ဒက အ​ပြောင်း​အလဲကို လိုချင်ပြီး​ ကျွန်​တော်တို့​ အစိုး​ရရဲ့​ ​အောက်​ခြေ ရပ်ကွက် ​ကျေး​ရွာအဆင့်​မှ မြို့​နယ်၊​ တိုင်း​ဒေသကြီး​/ ပြည်နယ်မှ ပြည်​ထောင်စု အဆင့်​အထိ ​ရှေး​ယခင် လုပ်နည်း​လုပ်ဟန်​တွေအတိုင်း​ လုပ်ကိုင်​ဆောင်ရွက်​နေကြတာကို မကြိုက်​တော့​ဘူး​ဆိုတဲ့​ အ​နေအထား​ကို ပြသခဲ့​ခြင်း​ ဖြစ်ပါတယ်လို့​ အစချီပြီး​ ​ပြောင်း​လဲရမယ့်​ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​ပြောကြား​သွား​ခဲ့​ပါတယ်။ သမ္မတရဲ့​ ​ပြောကြား​ချက်ထဲက အချက်တချို့​နဲ့​ ပတ်သက်ပြီး​ ထိုင်း​နိုင်ငံအ​ခြေစိုက် ဗဟုဖွံ့​ဖြိုး​ရေး​အဖွဲ့​က သု​တေသီ ကို​အောင်သူငြိမ်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ နိုင်ငံ​တော်သမ္မတက​နေပြီး​တော့​ ​ဒေသဖွံ့​ဖြိုး​ရေး​၊​ နိုင်ငံ​တော်ဖွံ့​ဖြိုး​ရေး​ ဆိုပြီး​တော့​ စကား​ပြောသွား​တာ ​တွေ့​ရပါတယ်။ ဒီမိန့်​ခွန်း​တခုလုံး​ကို အပိုင်း​လိုက် မ​မေး​ခင်မှာ ကို​အောင်သူငြိမ်း​အ​နေနဲ့​ မိန့်​ခွန်း​တစုံလုံး​ပေါ်မှာ ခြုံပြီး​တော့​ တချက်​လောက် သုံး​သပ်​ပေး​ပါလား​။ “ကျ​နော့်​အမြင်က​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတအ​နေနဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ စလာတဲ့​ပုံက တဖြည်း​ဖြည်း​နဲ့​ စမ်း​သပ်ပြီး​တော့​ လုပ်လာတဲ့​ ပုံစံမျိုး​နဲ့​ တူပါတယ်။ အခုအ​နေအထား​မှာ​တော့​ ပိုပြီး​တော့​ ယုံကြည်မှုလည်း​ ရှိလာတယ်။ ​နောက်တခုက အခုအချိန်မှာ​တော့​ ဒုတိယတဆင့်​ပေါ့​ဗျာ။ ပြုပြင်​ပြောင်း​လဲ​ရေး​တွေ အရှိန်မြှင့်​မယ်ဆိုတဲ့​ သ​ဘောမျိုး​လည်း​ ရတယ်လို့​ ထင်ပါတယ်။” ​နောက်တပိုင်း​က သမ္မတဖြစ်လာပြီး​တော့​လည်း​ သူ​ပြောခဲ့​တယ်။ အခုတခါမှာလည်း​ ထပ်ပါ ပါတယ်။ လာဘ်​ပေး​လာဘ်ယူကိစ္စကို ​ရှောင်ရှား​ကြဖို့​၊​ မလုပ်ကြဖို့​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ ဒီ လာဘ်​ပေး​လာဘ်ယူနဲ့​ပတ်သက်လို့​ တနှစ်​ကျော် ကြာလာတဲ့​ သက်တမ်း​ကာလမှာ ဘယ်လိုအ​ရေး​ယူလိုက်တယ်၊​ နှိမ်နင်း​လိုက်တယ်၊​ ဘယ်လို နှိမ်နင်း​လိုက်မှရ​တော့​မယ် ဆိုတာမျိုး​ အခုထိ ​ပြောတာမ​တွေ့​ရ​သေး​ပါဘူး​။ အဲ့​အ​ပေါ်မှာ​ရော ဘယ်လို သုံး​သပ်ချင်ပါလဲဗျာ။ “ကျ​နော်မြင်တာက​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတအ​နေနဲ့​ ကတိကဝတ်​တွေ ​ပေး​ခဲ့​တာ အများ​ကြီး​ပါပဲ။ သန့်​ရှင်း​တဲ့​ အစိုး​ရဖြစ်​အောင်လုပ်မယ်။ ပိုပြီး​တော့​ ​ကောင်း​မွန်တဲ့​ အစိုး​ရစနစ်ဖြစ်​အောင် လုပ်မယ်ဆိုတာမျိုး​တွေ ​ပြောခဲ့​တာ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​ တကယ်လက်​တွေ့​ ဘာ​တွေအစီအစဉ်ချပြီး​ လုပ်မှာလဲ.။ ဘယ်လိုလုပ်မှာလဲ​ပေါ့​နော်။ ​နောက်တခုက အခုအချိန်ကာလမှာ အ​ပြောင်း​အလဲသ​ဘောမျိုး​သွား​နေ​တော့​ တချို့​ဟာ​တွေက ဘယ်လို​ခေါ်မလဲ လုပ်ဖို့​ စိတ်ကူး​တော့​ ရှိတယ်။ တကယ့်​ လက်​တွေ့​မှာ​တော့​ မလုပ်နိုင်​သေး​တာ​တွေ၊​ အခက်အခဲရှိတာ​တွေ ဒါ​တွေ အများ​ကြီး​ရှိတယ်လို့​ ကျ​နော်ထင်ပါတယ်။ ​ရှေ့​ဆက်မယ့်​ ကာလ​တွေမှာလည်း​ ဒီလိုအခက်အခဲ​တွေ၊​ ကတိ​ပေး​ပြီး​မှ မဖြစ်လာတာမျိုး​တွေ ရှိလိမ့်​ဦး​မယ်လို့​ ကျ​နော်မြင်ပါတယ်။” ဒီတခါ မိန့်​ခွန်း​ထဲမှာဆိုရင်​တော့​ ပြည်ပမှာ အလုပ်မျိုး​စုံလုပ်​နေတဲ့​ မြန်မာ​တွေပြန်လာကြဖို့​ သူက ထပ်ပြီး​ ဖိတ်​ခေါ်ပါတယ်။ ဖိတ်ကြား​ပါတယ်လို့​ ထပ်​ပြောတယ်ဗျ။ ပြန်လာဖို့​ အခက်အခဲရှိရင်လည်း​ သူကူညီပါ့​မယ်လို့​ ​ပြောတယ်။ ပြန်လာပြီး​ရင်​ရော ကျ​နော်တို့​ ဘာ​တွေလုပ်ကြမလဲ။ အလုပ်အကိုင်အခွင့်​အလမ်း​တွေက ဘာ​တွေရှိလဲဆိုတာ​တော့​ သူ​သေချာထည့်​သွင်း​မ​ပြောသွား​ဘူး​။ တခါတုန်း​က သူတို့​ ​ပြောဖူး​သလိုဆိုရင်​တော့​ ​မြေလွတ်​မြေလပ်​တွေ အများ​ကြီး​ ရှိတယ်။ လာစိုက်ကြပါဆိုတဲ့​ ပုံစံမျိုး​လောက်နဲ့​တော့​ မရ​လောက်ဘူး​နဲ့​တူတယ်။ အခုဖိတ်​ခေါ်တဲ့​အ​ပေါ်ကို​ရော ဘယ်လိုမြင်မိပါလဲဗျ။ “ဖိတ်​ခေါ်တယ်ဆိုတာ​တော့​ ကျ​နော်တို့​ဘက်က ကြိုဆိုဖို့​ကောင်း​ပါတယ်။ တကယ့်​လက်​တွေ့​မှာကြ​တော့​ ဖိတ်​ခေါ်တဲ့​လူ​တွေ ပြန်နိုင်ဖို့​ လုပ်ငန်း​ပေါ့​ဗျာ။ တကယ့်​ လက်​တွေ့​လုပ်ငန်း​တွေက ဘာ​တွေရှိသလဲ။ ​နောက်တခုက လူ​တွေက ​ယေဘုယျ​ပြောမယ်ဆိုရင်​တော့​ ​ရေကြည်ရာမြက်နုရာ ရှာတဲ့​သ​ဘောဆို​ပေမယ့်​ တဖက်မှာလည်း​ ကိုယ့်​အိမ်ကိုယ့်​ရာကို ခင်တွယ်ပါတယ်။ အဲ့​အ​နေအထား​မှာ​တော့​ ကျ​နော်တို့​ ပြန်လာရင် ဘာလုပ်ကြမှာလဲ စသည်ဖြင့်​ အ​ခြေအ​နေ​ကောင်း​တွေ အခွင့်​အလမ်း​ကောင်း​တွေက ဘာ​တွေရှိ​နေသလဲ။ လူရဲ့​ သ​ဘောက တွက်ကြမှာပဲဗျ။ အဲ့​အ​နေအထား​မှာ​တော့​ ကိုယ့်​ဘက်က ပိုပြီး​ပွင့်​လင်း​လာတယ်။ ပိုပြီး​ အခွင့်​အလမ်း​ကောင်း​တွေ များ​လာတယ်ဆိုရင်​တော့​ ကျ​နော်ထင်တယ်။ လူ​တွေက ပြန်ကြမှာပဲ။” သူ​ပြောတဲ့​မိန့်​ခွန်း​မှာ လုံ​လောက်မှုရှိတယ်လို့​မြင်ရလား​၊​ ဘယ်လိုမြင်ရလဲ။ “အခုအ​နေအထား​နဲ့​က​တော့​ သမ္မတအ​နေနဲ့​က မူဝါဒဆိုင်ရာ မိန့်​ခွန်း​ပေါ့​။ ဒီလိုသ​ဘောမျိုး​ ရှိပါတယ်။ ဒါ​ပေမယ့်​ လက်​တွေ့​မှာ​တော့​ ​အောက်က သက်ဆိုင်ရာဝန်ကြီး​ဌာန​တွေ သက်ဆိုင်ရာဌာန အသီး​သီး​ပေါ့​။ လုပ်ငန်း​ကိုင်ငန်း​တွေ အများ​ကြီး​လုပ်ဖို့​ လိုပါ​သေး​တယ်။ ​နောက်တခုကျ​တော့​လည်း​ စီး​ပွား​ရေး​စနစ်ဆိုတာက အမိန့်​ပေး​ပြီး​တော့​ အခု​ကောင်း​စေဆိုပြီး​ လုပ်လို့​မရပါဘူး​။ တကယ်စီး​ပွား​ရေး​ ​ကောင်း​မှပဲ လူ​တွေဘက်က စဉ်း​စား​ကြမယ်လို့​ ထင်ပါတယ်။” ​နောက်တခုက သမ္မတ အခုတကြိမ်​ပြောတဲ့​ အစည်း​အ​ဝေး​ပွဲက အစ​ပေါ့​၊​ အင်တာနက် စာမျက်နှာ​တွေ​ပေါ်မှာ နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ​ဖေ့​ဘုတ်စာမျက်နှာဆိုပြီး​ တင်ထား​ပြီး​တော့​ ဓာတ်ပုံ​တွေ​ကော၊​ သတင်း​တွေ​ကော အချိန်နဲ့​ တ​ပြေး​ညီတင်ထား​တာ ​တွေ့​ရတယ်။ အဲဒါ​ကြောင့်​လည်း​ ​တော်​တော်များ​များ​တော့​ ဖတ်ရတယ်။ အဲဒီအ​ပေါ်မှာ​ကော ပြန်ကြား​ရေး​အတွက် သမ္မတအဖွဲ့​ရဲ့​ ​ခြေလှမ်း​သစ်တခုလို့​ မြင်လို့​ရမလား​။ “ဒါက​တော့​ ​ပြောမယ်ဆိုရင် ပိုပြီး​တော့​ ပွင့်​လင်း​မြင်သာမှု ရှိ​အောင် လုပ်တယ်လို့​ထင်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​ တကယ် ဒီထက် ထပ်လုပ်ဖို့​ လိုတာ​တော့​ အများ​ကြီး​ပေါ့​။ ဆိုတာ​တော့​ သူများ​နိုင်ငံမှာဆိုရင် ဒီသမ္မတရုံး​က သတင်း​စာရှင်း​လင်း​ပွဲ ပုံမှန်လုပ်တာမျိုး​တွေ၊​ ​နောက်တခုက ပြင်ပမီဒီယာ​တွေနဲ့​ ပုံမှန်ဆက်သွယ်တာ၊​ ​နောက်တခုက ပြည်သူ​တွေက တိုင်ချင်တယ်၊​ အကြံ​ပေး​ချင်တယ်ဆိုရင်လည်း​ ​ပေး​လို့​ရတဲ့​ အီး​မေး​လ်လိပ်စာ​တွေ စသည်ဖြင့်​ ဒါ​တွေက တဖြည်း​ဖြည်း​နဲ့​ ပွင့်​လင်း​မြင်သာမှုကို တိုး​လုပ်သွား​ရင်​တော့​ ​ကောင်း​တယ်လို့​ထင်ပါတယ်။” သမ္မတမိန့်​ခွန်း​ ဒီနိုင်ငံ​တော် ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အတွက်လို့​ ဆိုပါတယ်။ အဲဒီမိန့်​ခွန်း​အတွက် ကို​အောင်သူငြိမ်း​ ဖြည့်​စွက်ပြီး​တော့​ ​ဆွေး​နွေး​တင်ပြချင်တာ​လေး​ ရှိရင်လည်း​ ဖြည့်​စွက်​ဆွေး​နွေး​ တင်ပြ​ပေး​ပါ။ “ကျ​နော်မြင်တာ​တော့​ ကျ​နော်တို့​ မြန်မာပြည် ပြန်ခဲ့​တဲ့​အချိန်မှာလည်း​ ကျ​နော်တို့​ ​တွေ့​ခဲ့​ရသ​လောက် ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ငန်း​တွေမှာ သွား​နေတယ်လို့​ ထင်တယ်။ ဒါ​ပေမယ့်​ အား​လုံး​ပေါ်မှာ လွှမ်း​ခြုံတဲ့​ အမြင်​ခေါ်မလား​။ အဲဒါ​တွေ​တော့​ ​သေချာဆက်လုပ်ဖို့​လိုဦး​မယ်လို့​ ကျ​နော်ထင်ပါတယ်။ ​နောက်တခုက​တော့​ ပြီး​ခဲ့​တဲ့​ ကာလ​တွေမှာ သမ္မတ​ပြောထား​တာ ရှိပါတယ်။ ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​ပေါ့​။ အဲဒီကိစ္စ​တွေနဲ့​ အခုဖွံ့​ဖြိုး​ရေး​ကိစ္စ​တွေက ဘယ်လိုဆက်စပ်သွား​မလဲ။ နိုင်ငံတကာအကူအညီ​တွေ ဝင်လာရင်လည်း​ အခုလို အလဟဿ မဖြစ်ဘဲနဲ့​ ဘယ်လိုထိ​ရောက်​အောင်လုပ်မလဲ၊​ စသဖြင့်​ အခုလို ကိစ္စ​တွေက​တော့​ အများ​ကြီး​ဆက်ပြီး​တော့​ စဉ်း​စား​ကြဖို့​ ဝိုင်း​ဝန်း​ဆောင်ရွက်ကြဖို့​ လိုမယ်လို့​ ထင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up