တိုင်းရင်းသားရိုးရာပွဲတော် မန္တလာသီရိအားကစားကွင်းတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 13, 2018
၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုတွေ ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ မနေ့ညက ကျင်းပပါတယ်။
ပွဲတော်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေခဲ့ကြသလို တိုင်းရင်းသား ရိုးရာအစားစာတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသထွက်ကုန် ရိုးရာအသုံးအဆောင် ရိုးရာအထည်အလိပ်တွေ ခင်းကျင်းရောင်းချခဲ့ကြပါတယ်။
ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ တိုင်းရင်းသားလူမျိးစု ၁၅ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။