A d v e r t i s e m e n t With Us

ဆောက်သမ်တန်ကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး လီဗာပူး အဆင့် ၃ တက်လှမ်း (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ဆောက်သမ်တန်နဲ့ လီဗာပူး ပွဲစဉ်မှာ လီဗာပူးက တိုက်စစ်မှူး ဖာမီနို၊ ဆာလက်တို့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အပြန်အလှန် ကစားခဲ့ပေမယ့် လီဗာပူးက ပိုမိုတိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် ၆ မိနစ်မှာ လီဗာပူးတိုက်စစ်မှူး ဖာမီနိုက အနီးကပ် ကန်သွင်းပြီး ရယုပေးခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရယူနိုင်ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းမှုမှာတော့ လီဗာပူးက အသာရခဲ့ပါတယ်။ လီဗာပူးအတွက် ဒုတိယဂိုးကို တိုက်စစ်မှူး ဖာမီနို နောက်ပြန်ချပေးလိုက်တဲ့ ဘောလုံးကို ဆာလက်က ပိတ်သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ခြေစွမ်းပြပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲအနိုင်ရတဲ့အတွက် ရမှတ် ၅၄ မှတ်နဲ့ စတုတ္ထနေရာက စပါးကို ၂ မှတ်ဖြတ်ပြီး အဆင့် ၃ နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ ရမှတ် ၂၆ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up