A d v e r t i s e m e n t With Us

ပင်လောင်းတွင် ငွေကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ

ပင်လောင်းမြို့နယ်မှာ ငွေကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု (၂၆) တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာထိပ်မှာ မိုင်းမျိုး(ခ)မောင်မျိုး မောင်းနှင်ပြီး ဦးဆွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ  ငွေကျပ် ၁၁၈ ဒသမ ၇၂ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၂၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းမျိုး နဲ့ ဦးဆွေ တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up