မြန်မာလွှတ်တော်မှာ ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုနေသလဲ (မေးမြန်းချက်)
ပီတာအောင်
·
May 11, 2012
မြန်မာနိုင်ငံမှာ လွှတ်တော် အစည်းအဝေးတွေ ရပ်နားထားချိန် မြန်မာပြည်က လွှတ်တော် ကိုယ်စား လှယ်တွေတချို့ ဂျာမနီနိုင်ငံကို သွားရောက်ပြီး ဥရောပက လွှတ်တော်တွေကို သီတင်းတပတ်ကြာ သွားရောက် လေ့လာနေပါတယ်။
ဒီလေ့လာချက်တွေအရ မြန်မာလွှတ်တော်မှာ ဘာတွေပြုပြင်ပြောင်းလဲဖို့လိုနေသလဲ၊ ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် ဘာအကျိုးရှိနိုင်ပါသလဲ ဆိုတာကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။