DVB Logo
Home
မြန်မာသတင်း
ပြုပြင်​ပြောင်း​လဲမှုအရှိန်မြှင့်​လုပ်​ဆောင်ရန် သမ္မတတိုက်တွန်း
DVB
·
May 11, 2012
ပြုပြင်​ပြောင်း​လဲမှုအရှိန်မြှင့်​လုပ်​ဆောင်ရန် သမ္မတတိုက်တွန်း
1 / 2
Donate to DVB

နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က မြန်မာနိုင်ငံရဲ့​ တိုး​တက်​ပြောင်း​လဲမှု လုပ်ငန်း​တွေကို အရှိန်တိုး​မြင့်​ ​ဆောင်ရွက်ဖို့​ အစိုး​ရအဖွဲ့​ဝန်ကြီး​တွေ၊​ တိုင်း​နယ်ပြည်နယ်က အစိုး​ရအဖွဲ့​ ဝန်ကြီး​ချုပ်​တွေကို ​ခေါ်ယူပြီး​ ဒီ​နေ့​ မနက်က အထူး​အစည်း​အ​ဝေး​ပွဲတခု ကျင်း​ပခဲ့​ပါတယ်။

[caption id="attachment_25298" align="alignleft" width="300" caption="အစည်းအ​ဝေး ပြုလုပ်​နေစဉ် (photo-www.president-office.gov.mm)"][/caption]

မြန်မာနိုင်ငံ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပိုမိုထိ​ရောက်တဲ့​ ​ပြောင်း​လဲမှုများ​ လုပ်​ဆောင်ဖို့​ သမ္မတ ဦး​သိန်း​စိန်က​နေ အစိုး​ရအဖွဲ့​ဝင် ပြည်​ထောင်စုဝန်ကြီး​တွေ၊​ ပြည်နယ်နဲ့​တိုင်း​က အစိုး​ရအဖွဲ့​ဝင် ဝန်ကြီး​ချုပ်​တွေကို ​ခေါ်ယူ​ဆွေး​နွေး​ခဲ့​တာလို့​ နိုင်ငံ​တော်သမ္မတရုံး​ရဲ့​ အင်တာနက် စာမျက်နှာမှာ ​ဖော်ပြထား​ပါတယ်။

ဒီ​နေ့​ ပြုလုပ်တဲ့​အစည်း​အ​ဝေး​မှာ သမ္မတ ဦး​သိန်း​စိန်က​နေ သူ့​အစိုး​ရလက်ထက်မှာ သန့်​ရှင်း​တဲ့​ အစိုး​ရဖြစ်​ပေါ်လာဖို့​အတွက် နိုင်ငံ​ရေး​ဆိုင်ရာ ပြုပြင်​ပြောင်း​မှု လုပ်ခဲ့​တာ​တွေနဲ့​ နိုင်ငံတကာနဲ့​ ပူး​ပေါင်း​ ​ဆောင်ရွက်နိုင်ခဲ့​တာ​တွေကို ​ထောက်ပြ ​ပြောဆိုခဲ့​ပါတယ်။

ဒါ့​အပြင် စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နယ်ပယ် အသီး​သီး​မှာလည်း​ နိုင်ငံတကာ ​ငွေ​ကြေး​အ​ထောက်ပံ့​ကို ရယူပြီး​ လုပ်​ဆောင်ဖို့​ကိုလည်း​ ​ပြောကြား​ထား​ပါတယ်။ သမ္မတရဲ့​ အစည်း​အ​ဝေး​မှာ ပြည်ပ​ရောက်​နေတဲ့​ မြန်မာ​တွေအတွက်လည်း​ မြန်မာနိုင်ငံကို ပြန်လာကြဖို့​ ထပ်မံ ဖိတ်​ခေါ်လိုက်ပြီး​တော့​ နိုင်ငံတွင်း​ အလုပ်အကိုင် အခက်အခဲရှိရင်လည်း​ အစိုး​ရက​နေ စီစဉ်​ဆောင်ရွက်မယ်လို့​ အစည်း​အ​ဝေး​မှာ ​ပြောကြား​ပါတယ်။

ဒါ​ပေမယ့်​ ပြည်ပမှာ​ရောက်​နေတဲ့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ ​နေရပ်ရင်း​ စွန့်​ခွာခဲ့​ရတဲ့​ စစ်​ဘေး​ဒုက္ခသည်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောကြား​တာ​တော့​ မရှိပါဘူး​။ မကြာခင်ကမှ ပြည်​ထောင်စုအစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ထား​တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေအတွက် စား​ဝတ်​နေ​ရေး​နဲ့​ အလုပ်အကိုင် အခွင့်​အလမ်း​ ဖန်တီး​ပေး​ဖို့​ ​ပြောကြား​ခဲ့​ပါတယ်။

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နဲ့​ ပတ်သက်ပြီး​ ​ပြောကြား​ရာမှာ​တော့​ ပစ်ခတ် တိုက်ခိုက်မှုများ​ လုံး​ဝရပ်စဲပြီး​ ထာဝရတည်တံ့​ခိုင်မြဲမည့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အစည်း​တွေကိုလည်း​ ဥပ​ဒေနှင့်​အညီ တတ်နိုင်သမျှ အား​ပေး​ကူညီဖို့​နဲ့​ စစ်မှန်တဲ့​ ထာဝရငြိမ်း​ချမ်း​ရေး​ရဖို့​ နိုင်ငံ​တော် အစိုး​ရရဲ့​ ​စေတနာကို နား​လည်သ​ဘော​ပေါက်​အောင် ဝိုင်း​ဝန်း​ကြိုး​ပမ်း​ ​ဆောင်ရွက်​ပေး​ကြဖို့​ သမ္မတဦး​သိန်း​စိန်က အ​လေး​ထား​ ​ပြောကြား​ပါတယ်။

နိုင်ငံ​တော်သမ္မတအ​နေနဲ့​ အုပ်ချုပ်​ရေး​ကိစ္စမှာ အဂတိလိုက်စား​မှုနဲ့​ လာဘ်​ပေး​လာဘ်ယူတာ​တွေကို မလုပ်ဖို့​ပြောကြား​ခဲ့​ပြီး​ အဂတိလိုက်စား​မှုအတွက် ဘယ်လို အပြစ်​ပေး​အ​ရေး​ယူမယ် ဆိုတာကို​တော့​ သမ္မတ ဦး​သိန်း​စိန်က ​ထောက်ပြတာ မရှိခဲ့​ပါဘူး​။

ဒီအစည်း​အ​ဝေး​မှာ ထူး​ခြား​ချက် ​နောက်တခုက​တော့​ သမ္မတဦး​သိန်း​စိန် အနား​မှာ ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ရဲ့​ ထိုင်ခုံ​နေရာ လစ်လပ်ထား​တာကို အစည်း​အ​ဝေး​ သတင်း​ဓာတ်ပုံမှာ မြင်​တွေ့​ရတာပါ။

သမ္မတရုံး​ရဲ့​ အစည်း​အ​ဝေး​ ​ပြောဆိုချက်​တွေကို ခုရက်ပိုင်း​အတွင်း​ တင်ထား​တဲ့​ နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ဝက်ဆိုဒ်မှာ အချိန်နဲ့​တ​ပြေး​ညီ ပထမဦး​ဆုံး​ ​ဖော်ပြ​ပေး​တာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013