နော်ဒစ်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ
DVB
·
February 10, 2018
ကျားမတန်းတူညီမျှရေးကို အဓိကထားရည်ရွယ်တဲ့ နော်ဒစ်နိုင်ငံတွေရဲ့ နော်ဒစ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့က ရန်ကုန်မြို့က Nordic House မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နော်ဒစ်နေ့ (Nordic Day) ကို နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွီဒင်နိုင်ငံ သံတမန်တွေက ဦးဆောင်ကျင်းပကြတာဖြစ်ပါတယ်။
အခုနစ်အတွက် နော်ဒစ်နေ့ကို မြန်မာနိုင်ငံက ပြည်သူတွေ နော်ဒစ်နိုင်ငံတွေရဲ့ တန်ဖိုးထားအလေးထားမှုတွေကို ပိုမိုကျယ်ပြန့်စွာသိစေဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။
နော်ဒစ်နိုင်ငံတွေဟာ ကျားမတန်းတူညီမျှရေး (Gender Equality) ကို အလေးပေးတဲ့ နိုင်ငံတွေဖြစ်ပြီး သူတို့ရဲ့မူဝါဒတွေကို ပြည်တွင်း ပြည်ပတွေမှာ မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်လည်း ရှိကြပါတယ်။
ရန်ကုန်မှာ ကျင်းပတဲ့ နော်ဒစ်နေ့ အခမ်းအနားမှာ ပြည်တွင်းက အမျိုးသမီးလွှတ်တော်အမတ်တွေ၊ အမျိုးသမီးအခွင့်အရေးလူပ်ရှားသူတွေပါဝင်တဲ့ အမျိုးသမီးစကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပြီး ဈေးရောင်းပွဲတော်နဲ့အတူ ဖျော်ဖြေပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။