A d v e r t i s e m e n t With Us

မန်စီးတီးနှင့်ပွဲ မာရက်ဇ် ပါဝင်ကစားမည်မဟုတ်ဟု လက်စတာနည်းပြ ပြော

မန်စီးတီးအသင်းနဲ့ပွဲမှာ တောင်ပံကစာသမားမာရက်ဇ် ပါဝင်ကစားဖြစ်မှာ မဟုတ်ဘူးလို့ လက်စတာနည်းပြ ကလော့ဒ်ပူဝဲလ်က ပြောကြားလိုက်ပါတယ်။ မာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လိုပေမယ့် အသင်းဘက်က ခွင့်မပြုခဲ့လို့ လေ့ကျင့်ခန်းပြုလုပ်ခြင်း မရှိတော့တာပါ။ မာရက်ဇ်အနေနဲ့ ဇန်န၀ါရီ ၂၀ ရက် နောက်ပိုင်းမှာ အသင်းနဲ့ ပူးပေါင်းခြင်း မရှိတော့ဘဲ လက်စတာအသင်းရဲ့ ပွဲစဉ် ၂ ပွဲကိုလည်း ပါဝင်ကစားပေးခြင်း မရှိခဲ့ပါဘူး။ မာရက်ဇ်ဟာ ကစာသမားကောင်းတဦးဖြစ်ပြီး အသင်းဆီ အမြန်ဆုံးပြန်လာပြီး အကောင်းဆုံး ကြိုးစားကစားဖို့ မျှော်လင့်တယ်လို့ လက်စတာနည်းပြ ပူဝဲလ်က ပြောပါတယ်။ မိမိနဲ့မာရက်ဇ်တို့ကြားက ဆက်ဆံရေးဟာ အသင်းရဲ့ အတွင်းရေးဖြစ်လို့ ပြင်ပမှာ ထုတ်ဖော်ပြောလိုခြင်း မရှိဘူးလို့လည်း လက်စတာနည်းပြက ဆိုပါတယ်။ အယ်လ်ဂျီးရီးယား ကစာသမား မာရက်ဇ်ကို မန်စီးတီးအသင်းက ပေါင်သန်း ၆၀ လောက်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပေါင်သန်း ၁၀၀ နီးပါး အလိုရှိခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up