လန်ဒန်အိုလံပစ်မှာ မြန်မာအား​ကစား​နည်း​ ၄ မျိုး​ ပါဝင်ယှဉ်ပြိုင်မည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့​မှာ လာမယ့်​ ဇူလိုင်လ ၂၇ ရက်က​နေ ဩဂုတ်လ ၁၂ ရက်ထိကျင်း​ပမယ့်​ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအ​နေနဲ့​ အား​ကစား​နည်း​ ၄ မျိုး​မှာ အား​ကစား​သမား​ အနည်း​ဆုံး​ ၄ ဦး​လောက် ​စေလွှတ်ယှဉ်ပြိုင်ဖို့​ စီစဉ်​နေတယ်လို့​ မြန်မာနိုင်ငံ အား​ကစား​နဲ့​ ကာယပညာဦး​စီး​ဌာနက စုံစမ်း​သိရပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စား​ပြု ယှဉ်ပြိုင်မယ့်​ အား​ကစား​နည်း​တွေနဲ့​ အား​ကစား​သမား​တွေက​တော့​ မြား​ပစ်မှာ ​နေမျိုး​အောင်၊​ ​သေနတ်ပစ်မှာ ​မောင်ကျူး​၊​ အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ မ​ရွှေဇင်လတ်နဲ့​ မာရသွန်ပြိုင်ပွဲမှာ မနီလာသန်း​တို့​ဖြစ်တယ်လို့​ ​နေပြည်​တော် အား​ကာဌာနက အဆင့်​မြင့်​အရာရှိ တဦး​က ​ပြောပါတယ်။ အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်​ မ​ရွှေဇင်လတ်ဟာ ပြီး​ခဲ့​တဲ့​ဧပြီလက ​တောင်ကိုရီး​ယား​နိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ ​လှေ​လှော်ပြိုင်ပွဲ အရည်အချင်း​စစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ အဆင့်​ ၇ ရပြီး​ သွား​ရောက်ယှဉ်ပြိုင်ခွင့်​ရတာ ဖြစ်ပါတယ်။ ရန်ကုန် အင်း​ယား​လမ်း​ မြန်မာနိုင်ငံ ​လှေ​လှော်အဖွဲ့​ချုပ်မှာ​တော့​ အိုလံပစ်ပွဲအတွက် မြန်မာ​လှေ​လော် အား​ကစား​သမား​ ၂ ဦး​ဖြစ်တဲ့​ မ​ရွှေဇင်လတ်နဲ့​ ကိုဝင်း​ထိုက်တို့​ကို ​လေ့​ကျင့်​ပေး​နေတယ်လို့​ ​လှေ​လှော်အဖွဲ့​ချုပ် တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ “အပြည်ပြည်ဆိုင်ရာ ​လှေ​လှော်ပြိုင်ပွဲမှာ ပြိုင်မှာက မိန်း​က​လေး​က ​ရွှေဇင်လတ်။ အား​လုံး​ ကျမတို့​ဆီမှာ ၃ မျိုး​ရှိတာ၊​ အခု​လော​လောဆယ်​တော့​ အား​ကစား​နည်း​ ၂ မျိုး​ အတွက်ကို တင်ထား​ပါတယ်။ အမျိုး​သား​က ဝင်း​ထိုက် ကနူး​လှေ ပြိုင်ဖို့​။ ​တောင်ကိုရီး​ယား​ ကျမတို့​ အိုလံပစ်ကွာလီဖိုင်း​သွား​တာ ၁၆ နိုင်ငံမှာ အဆင့်​ ၇ ရခဲ့​တယ်။ ပြီး​ခဲ့​တဲ့​ ၄ လပိုင်း​တုန်း​က။ ​တောင်ကိုရီး​ယား​ ကျမတို့​ သွား​တော့​ postion က အဆင့်​ ၅ ဝင်ရတာ​ပေါ့​ နိုင်ငံအလိုက် အဆင့်​ ၇ ဝင်တဲ့​အခါကျ​တော့​ နိုင်ငံအလိုက် ​တောင်း​လိုက်တဲ့​အခါကျ​တော့​ ခွင့်​ပြုချက်ရတယ်။ ပြိုင်ဘက်​တွေက ဟိုမှာ​တော့​ နိုင်ငံအများ​ကြီး​လာမှာပဲ အဲဒါ​တော့​ ​ပြောလို့​မရဘူး​ ကျမတို့​က​တော့​ ဟိုမှာ ဆုတံဆိပ်က​တော့​ မှန်း​ဖို့​တော့​ မလွယ်ဘူး​ပေါ့​။ ဒါ​ပေမယ့်​ postion ​ကောင်း​ကောင်း​ရဖို့​ အတွက်က​တော့​ ကြိုး​စား​ရမှာ။” အလား​တူ မြား​ပစ်အဖွဲ့​ချုပ်ကလည်း​ ကို​နေမျိုး​အောင် အပြင် ကို​ဝင်း​ထိုက်ကိုလည်း​ ​လေ့​ကျင့်​ပေး​ထား​တယ်လို့​ပြောပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၀၈ ​ဘေဂျင်း​အိုလံပစ်ပြိုင်ပွဲမှာလည်း​ မြန်မာနိုင်ငံက မြား​ပြစ်၊​ ​ရေကူး​၊​ ​ပြေး​ခုန်ပစ်နဲ့​ ​လှေ​လှော်ပြိုင်ပွဲ​တွေ သွား​ရောက်ယှဉ်ပြိုင်ခဲ့​ပေမယ့်​ ဆုတံဆိပ်ရခြင်း​တော့​ မရှိပါဘူး​။ ၂၀၁၂ လန်ဒန် အိုလံပစ်ပွဲပြိုင်ဖို့​ ရက်​ပေါင်း​ ၇၀ ​ကျော်သာလို​တော့​ပြီး​ ကမ္ဘာ့​နိုင်ငံ​ပေါင်း​ ၂၀၀ ​ကျော်က အား​ကစား​သမား​ ၁ ​သောင်း​ကျော်ဟာ အား​ကစား​အမျိုး​အစား​ ၂၆ မျိုး​လောက်နဲ့​ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up