DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ ဈေးနှစ်ခုတွင် ဆန္ဒပြ
DVB
·
May 11, 2012
Donate to DVB

စစ်တွေမြို့ရဲ့ အကြီးဆုံး မြို့မဈေးကြီးမှာ ဈေးသူဈေးသားတွေက ဈေးကောက်ကောက်တာများတဲ့အပေါ် ဖြေရှင်ပေးဖို့ ပြည်နယ်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က စစ်တွေမြို့ရဲ့ အကြီးဆုံး မြို့မဈေးကြီးက ငါးခြောက်တန်း ဈေးသည်တွေဟာ ဈေးကောက် အထပ်ထပ် ကောက်ယူနေမှုအပေါ် မကျေနပ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့အတွင်းရေးမှူး ဦးအောင်မြတ်ကျော်က “ငါးခြောက်တန်းမှာ မြစ်ပေါ်က တက်လာတဲ့အချိန် တကြိမ်ကောက်တယ်။ ဆိုင်ပေါ်တင်တဲ့အခါ တကြိမ်ကောက်တယ်။ ဆိုင်က ရောင်းထွက်တဲ့အခါမှာ တကြိမ်ကောက်တယ်။ ဆိုင်ပေါ်မှာ ပြန်တင်တဲ့အချိန်မှာ တကြိမ်ကောက်တယ်။ အဲလိုမျိုး ပစ္စည်းတခုကို အကြိမ်ပေါင်း မြောက်မြားစွာ အခွန်ကောက်တော့ ပြည်သူလူထုမှာ ဘယ်လိုမှကို မခံနိုင်ကြတော့ဘူး။ အဲဒီတော့ မြို့မဈေးထဲမှာရှိတဲ့ ငါးခြောက်တန်းက မနေ့က စုပြီးသွားကြတာ ဒီနေ့ တနာရီကျော်ကတော့ စည်ပင်နဲ့ ဈေးသူဈေးသားတွေနဲ့ ညှိနှိုင်းပြီး အတိုင်းအတာ တခုအထိတော့ အဆင်ပြေကြတယ်လို့တော့ ပြောပါတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း စစ်တွေမြို့ နာဇီကျေးရွာက ဈေးသည် ၁၀၀ ကျော်ဟာလည်း ဈေးလေလံအောင်သူတွေက ဖြတ်ပိုင်းမပါဘဲ ကောက်ခံမှု၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ ရောင်းဝယ်စားသောက်မှု မပြုနိုင်လောက်အောင် ကောက်ယူတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်အိမ်ကို ချီတက်ဆန္ဒပြခဲ့ပါတယ်။

“ကိုယ့်ခြံကထွက်တဲ့ အသီးအနှံကို ဈေးမှာလာရောင်းရင် ရှုံးပါတယ်။ ဥပမာ အသီးအရွက်က ၁၀၀၀ လောက်ပဲရမှာ။ ဈေးကောက်က ၈၀၀၊ ၉၀၀ လောက် ကောက်လိုက်တော့ အိမ်ကို ၁၀၀၊ ၂၀၀ လောက်ပဲ ပြန်ပါသွားတယ်။   ဒီမိုကရေစီပြောင်းလဲနေတဲ့ အခြေအနေတွေကို ပြည်သူလူထုကလည်း နားလည် သဘောပေါက်လာကြတော့ မခံမရပ်နိုင်ဖြစ်လို့ အဲဒီနေ့ကစပြီး ပေါက်ကွဲကြတာပေါ့။”

ဒါကို ပြည်နယ်စည်ပင်သာယာရုံးမှာ ဖြေရှင်းပြီးတဲ့နောက် ဈေးကောက် လေလံအောင်တဲ့ ပုဂ္ဂိုလ်ထံကနေ လေလံပြန်လည်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013