A d v e r t i s e m e n t With Us

ရွှေနံ့​သာ​ကျေး​ရွာတွင် ​ဇေကမ္ဘာကုမ္ပဏီနှင့်​ လယ်သမား​များ​ ထိပ်တိုက်​တွေ့​လုနီး​ပါး​ဖြစ်

မြေယာပိုင်ဆိုင်မှုအငြင်း​ပွား​နေတဲ့​ ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုထဲက လယ်ကွင်း​တွေမှာ ​ဇေကမ္ဘာကုမ္ပဏီဝန်ထမ်း​တွေက လယ်​မြေကန်သင်း​တွေကို ​မြေတူး​စက်​တွေနဲ့​ ထိုး​နေတာ​ကြောင့်​ လယ်သမား​တွေနဲ့​ ထိပ်တိုက်​တွေ့​လုနီး​ပါ ဖြစ်​နေတယ်လို့​ လယ်သမား​ဦး​ဆောင်သူ​တွေက ​ပြောပါတယ်။ မ​နေ့​က သူပိုင်ကိုယ်ပိုင် အငြင်း​ပွား​နေတဲ့​ အဲဒီ​မြေယာ​တွေမှာ လယ်သမား​တွေကလည်း​ လယ်ထွန်စက်နှစ်စီး​နဲ့​ ထွန်ယက်၊​ ​ဇေကမ္ဘာ ကုမ္ပဏီဘက်ကလည်း​ ​မြေတူး​စက်​တွေနဲ့​ ​မြေထိုး​လုပ်​နေတာကို မင်္ဂလာဒုံမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကိုယ်တိုင် နှစ်ဘက်စလုံး​က ဆက်မလုပ်​တော့​ဖို့​ တား​မြစ်ခဲ့​ပါတယ်။ လယ်သမား​တွေဘက်က လယ်ထွန်စက်​တွေ ကွင်း​ထဲက ပြန်ထွက်သွား​ခဲ့​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ ​မြေတူး​စက်​တွေက​တော့​ မထွက်ဘဲ မ​နေ့​ည​နေမှာ​ရော အခု​နေ့​ခင်း​မှာပါ ​မြေ​တွေကို ဆက်လက်ထိုး​နေတယ်လို့​ လယ်ဧက ၅၀ ​လောက် ပါသွား​တဲ့​ လယ်သမား​ဦး​ကျော်စိန်က ​ပြောပါတယ်။ “မ​နေ့​ကမှ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က နှစ်ဘက်စလုံး​ကို လယ်သမား​တွေလည်း​ မထွန်ရ။ ​ဇေကမ္ဘာကိုလည်း​ မထွန်ရ တား​လိုက်တယ်။ အခုက ​ဇေကမ္ဘာက ထွန်​နေတယ်။ မ​နေ့​က အုပ်ချုပ်​ရေး​မှူး​ပြန်သွား​တဲ့​အချိန်ကတည်း​က သူတို့​ထွန်​နေတာ။” လယ်သမား​တွေကို ဦး​ဆောင်သူ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက ကွင်း​ထဲက အ​ခြေအ​နေကို အခုလို​ပြောပါတယ်။ “မ​နေ့​တုန်း​က ကျ​နော်တို့​က လယ်ထွန်မယ်ဆိုပြီး​ စီစဉ်ပါတယ်။ အဲဒါကို မြို့​နယ်မယကက တ​နေ့​က ညကတည်း​က စာထုတ်ပြီး​တား​သလို လူကိုယ်တိုင်လည်း​ ဆင်း​တား​ပါတယ်။ ကျ​နော်တို့​ အဲဒါကို နာခံ​ပေး​ပါတယ်။ ဒါ​ပေမယ့်​ဇေကမ္ဘာက ကန်သင်း​တွေဖျက်တာကို​တော့​ သူတို့​က နှစ်ကြိမ်(မလုပ်ဖို့​) စာထုတ်ထား​ပြီး​ပါပြီ။ အဲဒါကို ကျ​နော်တို့​က ​ထောက်ပြတဲ့​အတွက် ​ဇေကမ္ဘာကိုလည်း​ သူတို့​ကိုယ်တိုင် သွား​တား​ပါတယ်။ သွား​တာတာ ရပ်သွား​ပြီး​တော့​ အား​လုံး​ပြန်သွား​တဲ့​ ည​နေပိုင်း​မှာ ဆက်ပြီး​တော့​ ကန်သင်း​တွေကို ဖျက်ပါတယ်။ အခု လက်ရှိဖျက်​နေပါတယ်။” အဲဒီလယ်ကွင်း​ထဲမှာ ​ရောက်​နေတဲ့​ ရန်ကုန် လှိုင်သာယာစက်မှုဇုန်အတွက် လယ်ဧက ၆၀၀ ​ကျော် သိမ်း​ခံရသူ​တွေဘက်က လိုက်​ဆောင်ရွက်​နေသူ ဒလမြို့​နယ် တသီး​ပုဂ္ဂလကိုယ်စား​လှယ်​လောင်း​ ဦး​ဝင်း​ချိုကလည်း​ အခုလို​ပြောပါတယ်။ “ကျ​နော်တို့​လယ်သမား​တွေနဲ့​ အ​ခြေခံပြည်သူ​တွေက တည်ဆဲဥပ​ဒေ​တွေကို လိုက်နာပြီး​တော့​ နိုင်ငံ​တော်တည်ငြိမ်မှုကို ထိန်း​သိမ်း​နေတဲ့​အချိန်မှာ တဖက်က​တော့​ မလိုလား​အပ်ဘဲနဲ့​ ပြဿနာဖြစ်​အောင်ကို တမင်ဖန်တီး​နေသလား​လို့​ ထင်မိတယ်ဗျ၊​ အဲဒီ​တော့​ သည်း​ခံမှုရဲ့​အတိုင်း​အတာကိုများ​ စမ်း​သပ်​နေသလား​။ သို့​မဟုတ် ကျ​နော်တို့​ရဲ့​ နိုင်ငံသား​တွေရဲ့​ ရပိုင်ခွင့်​တွေကိုပဲ မထီမဲ့​မြင်ပြု​နေသလား​လို့​။” ဦီး​ဝင်း​ချိုက နိုင်ငံ​တော်ထိပ်ပိုင်း​ ​ခေါင်း​ဆောင်​တွေဆီ တိုင်ကြား​ဖို့​ စီစဉ်မယ်လို့​ ​ပြောပါတယ်။ ဒီပြဿနာ​တွေရဲ့​ အစက လွန်ခဲ့​တဲ့​နှစ်ပိုင်း​မှာ အစိုး​ရစီမံချက်အရ လယ်သိမ်း​ခံရမယ်ဆိုတဲ့​ သတင်း​နဲ့​အတူ ​ဇေကမ္ဘာကုမ္ပဏီက လယ်ဧက ဂဝဝ​ကျော်ကို ၁ဧက ၃သိန်း​နှုန်း​ နစ်နာ​ကြေး​ပေး​ပြီး​ စက်မှုဇုန်လုပ်​နေတာကို လယ်သမား​တွေက တိုင်လို့​ သက်ဆိုင်ရာက စက်မှုဇုန်လုပ်ခွင့်​မရှိလို့​ နား​ခိုင်း​ထား​ပါတယ်။ ဒါ​ပေမယ့်​ ​ဇေကမ္ဘာကုမ္ပဏီက ဆက်လုပ်​နေတာပါ။ လွန်ခဲ့​တဲ့​ သီတင်း​ပတ်ကလည်း​ အိုး​အိမ်ဦး​စီး​ဌာနက ဒီ​မြေယာ​တွေကို ​ဇေကမ္ဘာကုမ္ပဏီကို လယ်ယာ​မြေက​နေ အိမ်ယာ​မြေအဖြစ် လုပ်ခွင့်​ပြုတဲ့​ လန (၃၉) ချမထား​ပေး​ဘူး​လို့​ လယ်သမား​တွေကို အ​ကြောင်း​ပြန်တာ​ကြောင့်​ မ​နေ့​ကပဲ လယ်သမား​တွေကလည်း​ လယ်ပဲလုပ်မယ်ဆိုပြီး​ လယ်ထွန်ခဲ့​ကြပါတယ်။ မင်္ဂလာဒုံမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ရုံး​ကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up