Homeမြန်မာသတင်း
ထိုးစစ် ရပ်တန့်ရေးနှင့် စစ်ပွဲကြား ပိတ်မိပြည်သူများကိုကူညီပေးရေး ဂျပန်ရောက်မြန်မာများဆန္ဒပြ
ထိုးစစ် ရပ်တန့်ရေးနှင့် စစ်ပွဲကြား ပိတ်မိပြည်သူများကိုကူညီပေးရေး ဂျပန်ရောက်မြန်မာများဆန္ဒပြ
DVB
·
February 8, 2018
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်နေတဲ့ စစ်ပွဲအကြား ပိတ်မိနေတဲ့ ပြည်သူတွေကို အစိုးရအနေနဲ့ ကူညီပေးရေး၊ တပ်မတော်အနေနဲ့ ထိုးစစ်တွေရပ်ပေးအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီ ၈ ရက် ညနေက ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကချင်ပြည်နယ်၊ တနိုင်း၊ ဆွပ်ပရာဘွမ်ဒေသတွေမှာ ကေအိုင်အေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်နေတာကြောင့် ပိတ်မိပြည်သူတွေထဲမှာ ကလေးသူငယ်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေ ပါတာကြောင့် စိုးရိမ်လို့ အခုလို လာရောက်တောင်းဆိုကြတာဖြစ်ကြောင်း ဆန္ဒပြ ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ကချင်အမျိုးသားအစည်းအရုံး (ကေအန်အို) ဂျပန်ရဲ့ အတွင်းရေးမှူး ဒေါ်လာဟုတ် ဂျာဆင်က ဒီဗွီဘီကို ပြောပါတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက စုပေါင်းပေးပို့ လှူဒါန်းနေကြောင်းလည်း ကေအန်အို ဂျပန်ရဲ့ လူငယ်တာဝန်ခံ မဂျာဝမ်ကလည်း ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ ရောက် ကချင်တိုင်းရင်းသားများအပါအ၀င် မြန်မာတိုင်းရင်းသား ၁၀၀ နီးပါး လာရောက် ပါဝင်ပူးတောင်းဆိုခဲ့ကြပါတယ်။
သတင်း၊ဓာတ်ပုံ-ဇော်ဇော်လှိုင်