DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ရွှေလုပ်ကွက်​တွေ​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး
DVB
·
May 11, 2012
ရွှေလုပ်ကွက်​တွေ​ကြောင့်​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး
1 / 2
Donate to DVB

[caption id="attachment_25258" align="alignright" width="300" caption="​ရွှေလုပ်ကွက်​တွေ​ကြောင့်​ သဘာဝပတ်ဝန်းကျင် ပျက်စီး​"][/caption]

နိုင်ငံ​တော်သမ္မတကြီး​နှင့်​ရှမ်း​ပြည်နယ်ဝန်ကြီး​ချုပ်ခင်ဗျာ …

တိုင်း​ပြည်ရဲ့​ ဥပ​ဒေကပဲ အထက်​အောက် လိုက်နာမှု၊​ တူညီ​လေး​စား​ကြပါ့​မလား​လို့​စဉ်း​စား​ရ ခက်​နေပါတယ်။

ကျ​နော်/ကျမတို့​မြို့​ရွာမှာ​တော့​ မကြာခင် သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှု​တွေကို ကြုံ​တွေ့​ရပါ​တော့​မယ်။ ရှမ်း​ပြည်နယ် မိုင်း​ယောင်မြို့​နယ်၊​ မိုင်း​ယုမြို့​နယ်ခွဲ၊​ တာကျန့်​ရွာ (SEMU-4)နှင့်​ ဝမ်​ပေါ့​ရွာ(MEMU-2) ​ရွှေလုပ်ကွက်တွင် လာ​ရောက်တူး​ဖော်​နေ​သော နဂါး​နှစ်​ကောင်နှင့်​ ဟိန်​ကောင်း​ဆက် ကုမ္ပဏီနှစ်ခုဟာ ​ရွှေလုပ်ကွက်​တွေကို တဦး​တည်း​ ၄၊​ ၅ကွက် ​လျှောက်ထား​ပြီး​ ကိုယ်တိုင် မလုပ်ဘဲ အကွက်​တွေကို နိုင်ငံခြား​သား​ တရုတ်​တွေကို တရား​မဝင်​ခေါ်သွင်း​လာပြီး​ ပြန်လည်​ရောင်း​ချ​နေပါတယ်။

အမှတ် (၂) သတ္တုတွင်း​လုပ်ငန်း​ရဲ့​ ဥပ​ဒေမှာ အကြီး​စား​စက် ယန္တရား​ကြီး​တွေ၊​ ဘူဒိုဇာ​တွေကို အသုံး​မပြုဖို့​ အသိ​ပေး​ အ​ကြောင်း​ကြား​ထား​တယ်လို့​ သိရပါတယ်။ စည်း​ကမ်း​ချက်အရ ၁/ဃ။ စည်း​ကမ်း​ချက် ၁/ဈ၊​ ၁/ဍ အရ ဆိုရင် သဘာဝပတ်ဝန်း​ကျင် ညစ်ညမ်း​မှု​တွေ၊​ ပတ်ဝန်း​ကျင်မထိခိုက်ရ။ နိုင်ငံခြား​သား​များ​အား​ ခွင့်​ပြုချက်မရှိ။ အဲဒီဥပ​ဒေ​တွေက ဘယ်မှာ အသုံး​ပြုရမှာလဲလို့​ ​မေး​ချင်ပါတယ်။

အခု မိုင်း​ယုမြို့​နယ် တာကျန့်​ ရွာကွက် (SEMU-4) နဲ့​ ဝမ်​ပေါ့​ရွာ (MEMU-2) ​ရွှေလုပ်ကွက်မှာ အကြီး​စား​စက်ယန္တရား​ကြီး​တွေ၊​ ဘူဒိုဇာ​တွေ၊​ ဘက်ခိုး​စက်ကြီး​တွေကိုပါ အသုံး​ပြု​နေပြီး​ ဒီထက်အဆိုး​ဆုံး​က​တော့​ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​နိုင်တဲ့​ ဓာတု​ဆေး​ရည်၊​ ​ဆေး​မှုန့်​တွေကို အသုံး​ပြု​နေကြပါတယ်။

အဲဒီဓာတု​ဆေး​မှုန်​တွေနဲ့​ ​မြေစာပုံ​တွေက ရွာထဲ၊​ ဘုန်း​ကြီး​ကျောင်း​ထဲကို တိုက်ရိုက် ဆင်း​လာတဲ့​ ​ချောင်း​အ​ပေါ် နှစ်ဖက်မှာ ပုံထား​လို့​ ​ဆေး​ရည်​တွေက ​ချောင်း​အတွင်း​ ဆင်း​နေတယ်။ ​ချောင်း​လည်း​ ​သေး​သွား​တယ်။ ​ရေအား​လည်း​ နည်း​သွား​တော့​ ​ရေအား​လျှပ်စစ်​တွေလည်း​ မ​ကောင်း​တော့​သလို ​သောက်သုံး​ရေ​တွေလည်း​ မ​ကောင်း​တော့​ဘူး​ ဖြစ်​နေပါတယ်။ အဲဒီ​ရေ​တွေကို ​သောက်တဲ့​ လူ​တွေသာမက ကျွဲ၊​ နွား​၊​ ကြက်ဘဲ​တွေပါ အန္တရာယ်ဖြစ်ကြ​တော့​မှာပါ။

ဒါတင်မက​သေး​ဘဲ နှစ်စဉ်ပူ​ဇော်​နေတဲ့​ သစ်ပင်ကြီး​တွေ နတ်စင်​တွေကိုပါ ခုတ်လဲပစ်ကုန်တဲ့​အတွက် တိုင်း​ရင်း​သား​ယဉ်​ကျေး​မှုဓ​လေ့​တွေပါ ပ​ပျောက်ကုန်​တော့​မှာ ဖြစ်ပါတယ်။

တိုင်း​ပြည်ကို တကယ်ချစ်တဲ့​ တိုင်း​ရင်း​သား​တွေကို တကယ် ချစ်ခင်​လေး​စား​တဲ့​ နိုင်ငံ​တော် အုပ်ချုပ်​ရေး​ ဝန်ထမ်း​စစ်စစ်ဆိုရင် အခုတိုင်ကြား​မှုကို အ​ကောင်အထည်​ဖော် အ​ရေး​ယူ ပိတ်ပင်​ပေး​ပါလို့​ တိုင်း​ရင်သား​ရွာသူရွာသား​တွေက ဒီဗွီဘီကတဆင့်​ ​တောင်း​ဆို တိုင်ကြား​လိုက်ပါတယ်။

ရွာသား​တဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013