Home
မြန်မာသတင်း
ကျွန်းစုတွင် လေပြင်းတိုက် သစ်ပင်လဲကျပြီး ရဲဝန်ထမ်း ၁ ဦး အပါအဝင် ၃ ဦး သေဆုံး
DVB
·
February 8, 2018
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု ပသုတ်ကျွန်းကျေးရွာမှာ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက ညောင်ပင်လဲကျလို့ နေအိမ်ပေါ်ရှိ လူ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု၊ ပသုတ်ကျွန်းကျေးရွာ ရွာပတ်ကမ်းစပ်လမ်းမှာ နေထိုင်တဲ့ လူနေအိမ်တလုံးပေါ်ကို ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ညောင်ပင် ပြိုလဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ည ၁၁ နာရီကျော်ကျော်လောက်မှာပါ၊ အိမ်ပေါ်မှာ လူ ၇ ယောက် အိပ်နေပါတယ်။ မြေဆီလွှာတွေ ဆွေးမြည့်နေတဲ့ ညောင်ပင်က လေတိုက်ခတ်ရာကနေ လဲကျသွားပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာပဲ ရဲဝန်ထမ်းတဦး၊ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်’’ လို့ ကပရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောပါတယ်။ ညောင်ပင် ပြိုလဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လေးဦးကတော့ ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024