Home
ဆောင်းပါး
စက်မှုဇုန်၊​ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ ​မြေယာဥပ​ဒေဆက်စပ်မှုကို ​လေ့​လာခြင်း
DVB
·
May 11, 2012
တ​လောက ဆက်တိုက်ဆိုသလို အတည်ပြုပြဋ္ဌာန်း​ခဲ့​တဲ့​ ဥပ​ဒေ​တွေထဲမှာ လယ်ယာ​မြေဥပ​ဒေနဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ဥပ​ဒေ​တွေလည်း​ ပါဝင်ပါတယ်။ စိုက်ပျိုး​ရေး​ နိုင်ငံတခုဖြစ်တဲ့​ မြန်မာနိုင်ငံမှာ ​မြေယာနဲ့​အသက်​မွေး​ဝမ်း​ကြောင်း​ပြုရတဲ့​ သန်း​နဲ့​ချီတဲ့​ ​ကျေး​လက်​နေပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေအ​ပေါ် ဒီဥပ​ဒေ​တွေက အကျိုး​သက်​ရောက်မှာဖြစ်တဲ့​အတွက် အလွန်အ​ရေး​ကြီး​တဲ့​ ဥပ​ဒေ​တွေဖြစ်ပါတယ်။ ဒီတပတ်မှာ ​မြေယာဥပ​ဒေ​တွေနဲ့​ အစိုး​ရက လက်ရှိအ​ကောင်အထည်​ဖော်​နေတဲ့​ စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေအကြား​ ဆက်စပ်မှုကို ရှာ​ဖွေမိပါတယ်။ ပထမဆုံး​အ​နေနဲ့​ ဒီဥပ​ဒေ​တွေကို ဘယ်သူ​တွေ ​ရေး​ဆွဲသလဲဆိုတာ ​လေ့​လာဖို့​လိုပါတယ်။ နိုင်ငံတကာမှာ​တော့​ ဥပ​ဒေ​တွေကို သက်ဆိုင်ရာနိုင်ငံရဲ့​ လွှတ်​တော်​တွေက ဥပ​ဒေပြုလွှတ်​တော်ကိုယ်စား​လှယ်​တွေ (Lawmakers) က အများ​ဆုံး​လေ့​လာပြုစုပြီး​ ​ရေး​ဆွဲပြဋ္ဌာန်း​ကြ​ပေမယ့်​ လက်ရှိမြန်မာနိုင်ငံရဲ့​ လက်ရှိအ​ခြေအ​နေအရ လွှတ်​တော်သစ်ရဲ့​ သက်တမ်း​နုနယ်​သေး​တာ​ကြောင့်​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက ဦး​ဆောင်​ရေး​ဆွဲနိုင်တဲ့​ အ​ခြေအ​နေ မ​ပေး​သေး​ပါဘူး​။ ဒါ​ကြောင့်​ ပြဋ္ဌာန်း​ခဲ့​တဲ့​ဥပ​ဒေ​တွေ အား​လုံး​လိုလိုပဲ အုပ်ချုပ်​ရေး​ အာဏာပိုင်ဖြစ်တဲ့​ အစိုး​ရက​ရေး​ဆွဲပြီး​ လွှတ်​တော်ကို တင်ပြလာတာကို လက်ခံ​ဆွေး​နွေး​ အတည်ပြုပြဋ္ဌာန်း​ကြတဲ့​ အ​ခြေအ​နေ ဖြစ်ပါတယ်။ အဲ့​ဒါ​ကြောင့်​ အစိုး​ရရဲ့​ စီး​ပွား​ရေး​ရည်မှန်း​ချက်နဲ့​ မူဝါဒ​တွေဟာ အခုလို စီး​ပွား​ရေး​အ​ခြေခံ အ​ဆောက်အအုံတခုဖြစ်တဲ့​ ​မြေယာကဏ္ဍကို စီမံခန့်​ခွဲတဲ့​ ဥပ​ဒေမျိုး​မှာ ထင်ဟပ်​နေပါတယ်။ အစိုး​ရရဲ့​ စီး​ပွား​ရေး​ရည်မှန်း​ချက်က ဘာလဲလို့​မေး​ရင် သမ္မတဦး​သိန်း​စိန် အာဏာရယူတဲ့​ ပထမဆုံး​နေ့​ ၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှာ လွှတ်​တော်နဲ့​ တိုင်း​ပြည်ကို ​ပြောကြား​ခဲ့​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ မိန့်​ခွန်း​ကို ပြန်လည် ကိုး​ကား​ရမှာဖြစ်ပါတယ်။ အဲ့​ဒီ မိန့်​ခွန်း​ထဲမှာ သမ္မတက “စိုက်ပျိုး​ရေး​နဲ့​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ ဖြစ်မလာနိုင်တဲ့​အတွက် ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်တဲ့​ နိုင်ငံ၊​ ချမ်း​သာကြွယ်ဝတဲ့​နိုင်ငံ၊​ အလုပ်အကိုင်​တွေ​ပေါများ​ပြီး​ လူတဦး​ချင်း​ဝင်​ငွေ​တွေ တိုး​ပွား​တဲ့​နိုင်ငံဖြစ်​အောင် စက်မှုနိုင်ငံ ထူ​ထောင်ရပါမယ်”လို့​ ​ပြောခဲ့​ပါတယ်။ ဒီအချက်ဟာ အစိုး​ရသစ်ရဲ့​ ၅ နှစ်တာ သက်တမ်း​ကာလအတွင်း​ ​ဆောင်ရွက်မယ့်​ စီး​ပွား​ရေး​မူဝါဒလို့​ ​ပြောရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုး​ရအ​နေနဲ့​ အရင်ကလို လယ်ယာစိုက်ပျိုး​ရေး​ဘက်ကို ​ဇောင်း​ပေး​လုပ်​ဆောင်တာထက် စက်မှုဖွံ့​ဖြိုး​ရေး​ကို အဓိကထား​လုပ်မယ်ဆိုတဲ့​ စီး​ပွား​ရေး​ဦး​တည်ချက် ဖြစ်တယ်ဆိုတာ ​တွေ့​ရမှာ ဖြစ်ပါတယ်။ လက်​တွေ့​မှာလည်း​ နိုင်ငံမှာ စီး​ပွား​ရေး​အရ အချက်အချာကျတဲ့​ ​ဒေသ​တွေမှာ စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ထူ​ထောင်​ဆောင်ရွက်​နေတာ ဒါမှမဟုတ် ​ဆောင်ရွက်ဖို့​ပြင်ဆင်​နေတာ ​တွေ့​ရမှာပါ။ အစိုး​ရရဲ့​ စက်မှုဖွံ့​ဖြိုး​ရေး​မူဝါဒနဲ့​ ​မြေယာမူဝါဒ​တွေက ဘယ်လိုသက်ဆိုင်​နေလဲလို့​ ​မေး​စရာရှိပါတယ်။ ရုတ်တရက်ကြည့်​ရင်​တော့​ စက်မှုဖွံ့​ဖြိုး​ရေး​မူဝါဒက စက်မှုလုပ်ငန်း​ရှင်​တွေ၊​ မြို့​နေလူတန်း​စား​ စက်ရုံလုပ်သား​တွေအတွက် ဖြစ်ပြီး​ ​ကျေး​လက်က လယ်သမား​တွေအတွက်က ​မြေယာမူဝါဒနဲ့​သာ သက်ဆိုင်တယ်လို့​ ​တွေး​မိနိုင်ပါတယ်။ အမှန်တကယ်က ဒီ မူဝါဒနှစ်ရပ်က အပြန်အလှန် တိုက်ရိုက် ဆက်စပ်​နေပါတယ်။ စက်မှုဖွံ့​ဖြိုး​ရေး​အတွက် အစိုး​ရက စက်မှုဇုန်​တွေ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ​ဖော်ထုတ်တဲ့​နေရာမှာ အဓိကအ​ခြေခံ လိုအပ်ချက်က စက်ရုံ​တွေတည်​ဆောက်ဖို့​ ​မြေ​နေရာရရှိဖို့​ ဖြစ်ပါတယ်။ အဲ့​ဒီအတွက် ​မြေယာ​တွေ​ဖော်ထုတ်ဖို့​ အစိုး​ရတရပ်အ​နေနဲ့​ မဖြစ်မ​နေ ​ဆောင်ရွက်ရ​တော့​မှာဖြစ်ပါတယ်။ ဒီလို​ဆောင်ရွက်တဲ့​နေရာမှာလည်း​ ဥပ​ဒေနဲ့​အညီ​ဆောင်ရွက်ဖို့​ လိုအပ်တဲ့​အတွက် အသစ်ပြဋ္ဌာန်း​လိုက်တဲ့​ ​မြေယာဥပ​ဒေ​တွေမှာ အစိုး​ရကို အထူး​အခွင့်​အာဏာ​တွေ ထည့်​သွင်း​ခဲ့​ပါတယ်။ ယခင်တပတ်က​ဖော်ပြခဲ့​တဲ့​ “လယ်ယာ​မြေဥပ​ဒေ​လေ့​လာခြင်း​” ​ဆောင်း​ပါး​မှာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၁) ပုဒ်မ ၃၇/က အရ နိုင်ငံ​တော်ရဲ့​ ​မြေအား​လုံး​ရဲ့​ မူလပိုင်ရှင်ဟာ နိုင်ငံ​တော်သာဖြစ်တယ်ဆိုတဲ့​ အချက်ကို ​ဖော်ပြခဲ့​ပြီး​ဖြစ်ပါတယ်။ ဒီဥပ​ဒေနဲ့​အညီ လယ်ယာ​မြေဥပ​ဒေသစ် ပုဒ်မ ၂၆ က တည်ဆဲဥပ​ဒေတရပ်ရပ်က ဘယ်လိုပဲ ​ပြောထား​ပါ​စေ နိုင်ငံ​တော်အကျိုး​အတွက် အစိုး​ရကို ​မြေယာသိမ်း​ခွင့်​ အခွင့်​အာဏာ​ပေး​ထား​ခဲ့​တာကိုလည်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ထို့​အတူ လယ်ယာ​မြေ ဥပ​ဒေသစ် ပုဒ်မ ၄၀ အရ သမ္မတရဲ့​ ခွင့်​ပြုချက်နဲ့​ အဆင့်​ဆင့်​ ဖွဲ့​စည်း​ထား​တဲ့​ လယ်ယာ​မြေ စီမံခန့်​ခွဲ​ရေး​အဖွဲ့​တွေရဲ့​ ​မြေယာစီမံခန့်​ခွဲမှု​တွေကို “မည်သည့်​ တရား​ရုံး​တွင်မှ တရား​စွဲဆိုခွင့်​ မရှိ​စေရလို့​” အကာအကွယ် ​ပေး​ထား​ပါတယ်။ ဘာ​ကြောင့်​ပါလဲ။ ဒီ​နေရာမှာ လက်ရှိ အ​ကောင်အထည်​ဖော်​နေတဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေဖြစ်တဲ့​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်၊​ ​ကျောက်ဖြူ အထူး​စီး​ပွား​ရေး​ဇုန်နဲ့​ သီလဝါအထူး​စီး​ပွား​ရေး​ဇုန်​တွေကို ​ဖော်​ဆောင်တဲ့​နေရာမှာ ​မြေယာ​တွေကို ဘယ်လိုရယူခဲ့​သလဲဆိုတာနဲ့​ နှိုင်း​ယှဉ်​လေ့​လာကြည့်​ရင် အထက်က​ဆွေး​နွေး​ခဲ့​တဲ့​ ​မြေယာဥပ​ဒေရဲ့​ အဓိကအချက်​တွေနဲ့​ ဆက်စပ်​နေတာ ​တွေ့​ရပါလိမ့်​မယ်။ ​ဖော်ပြပါ အထူး​စီး​ပွား​ရေး​ဇုန်ကြီး​ ၃ ခုဟာ နိုင်ငံ​တော်ကပိုင်ဆိုင်တဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေမှာ တည်​ထောင်ထား​တာ မဟုတ်ပါဘူး​။ ​မြေဧရိယာပမာဏ ကြီး​မား​ကျယ်ပြန့်​တဲ့​ အဲ့​ဒီအထူး​စီး​ပွား​ရေး​ဇုန်ကြီး​တွေ​နေရာမှာ ​ဒေသခံ ​တောင်သူလယ်သမား​တွေရဲ့​ ​မြေယာ​တွေ၊​ ​ကျေး​ရွာ​တွေနဲ့​ အိုး​အိမ်​တွေ တည်ရှိ​နေပါတယ်။ အဲ့​ဒီ​နေရာ​တွေဟာ အထူး​စီး​ပွား​ရေဇုန် တည်​ဆောက်ဖို့​ အချက်အချာကျတဲ့​ ​နေရာ​တွေအဖြစ် အစိုး​ရက သတ်မှတ်လိုက်တဲ့​အခါမှာ ​မြေယာသိမ်း​ဆည်း​မှု​တွေ ရှိလာပါ​တော့​တယ်။ အမှန်တကယ်က ထို စက်မှုဇုန်ကြီး​တွေကို လက်ရှိအစိုး​ရလက်ထက်မှာ တည်​ဆောက်ဖို့​ လျာထား​သတ်မှတ်ခဲ့​တာမဟုတ်ဘဲ ယခင် စစ်အစိုး​ရလက်ထက်က ​ဆောင်ရွက်ခဲ့​တာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ လက်ရှိ အစိုး​ရအ​နေနဲ့​ အရင်စစ်အစိုး​ရရဲ့​ စီမံကိန်း​တွေကို ဆက်လက် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရတာဖြစ်ပြီး​ အထူး​စီး​ပွား​ရေး​ဇုန်အတွက် ကြီး​မား​ကျယ်ပြန့်​တဲ့​ ​မြေ​နေရာလိုအပ်ချက်အတွက် ​ဒေသခံ ​တောင်သူလယ်သမား​တွေထံက ​မြေယာ​တွေကို သိမ်း​ယူမှုဟာလည်း​ ယခင်အစိုး​ရ လက်ထက်မှာ​ရော လက်ရှိအစိုး​ရ လက်ထက်မှာ​ရော ဖြစ်ပွား​နေပါတယ်။ ယခင် စစ်အစိုး​ရလက်ထက်နဲ့​ မတူတဲ့​အချက်တခုက​တော့​ သိမ်း​ယူခဲ့​တဲ့​ ​မြေယာ​တွေအတွက် ပိုင်ရှင် ​တောင်သူလယ်သမား​တွေ နစ်နာမှု “လုံး​ဝ” မရှိ​အောင် ​လျော်​ကြေး​ပေး​တာ ဒါမှမဟုတ် အခြား​နည်း​လမ်း​နဲ့​ ​ဆောင်ရွက်​ပေး​ရမယ်လို့​ လယ်ယာ ​မြေဥပ​ဒေ ပုဒ်မ ၂၆ မှာ ထည့်​သွင်း​ထား​ပါတယ်။ ယခင် စစ်အစိုး​ရလက်ထက်မှာ လယ်ယာ​မြေ​တွေကို ​လျော်​ကြေး​ တစုံတရာမ​ပေး​ဘဲ သိမ်း​ယူခဲ့​တာနဲ့​စာရင် ​တော်​သေး​တယ်လို့​ ဆိုရမလိုပါပဲ။ စက်မှုနိုင်ငံထူ​ထောင်မယ်လို့​ ​ကြွေး​ကြော်ပြီး​ အာဏာရယူခဲ့​တဲ့​ လက်ရှိ အစိုး​ရအတွက် စက်မှုဇုန်​တွေနဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ထူ​ထောင်ရုံသက်သက်နဲ့​ စက်မှုနိုင်ငံဖြစ်လာဖို့​ မပြည့်​စုံ​သေး​ပါဘူး​။ ဒီစက်ရုံ​တွေမှာ လိုအပ်မယ့်​ စက်မှုကုန်ကြမ်း​သီး​နှံ​တွေ စိုက်ပျိုး​ထုတ်လုပ်နိုင်မှ လိုအပ်တဲ့​ကုန်ကြမ်း​တွေကို ပြည်တွင်း​မှာ ​ဈေး​ပေါ​ပေါနဲ့​ရနိုင်မှာဖြစ်ပါတယ်။ အဲ့​ဒီအတွက် အစိုး​ရအ​နေနဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ဥပ​ဒေကို ပြဋ္ဌာန်း​ခဲ့​ပြီး​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို ဆွဲ​ဆောင်ခဲ့​ပါတယ်။ ဥပ​ဒေရဲ့​ အခန်း​ ၄ ဖြစ်တဲ့​ “​မြေလွတ် ​မြေလပ်နှင့်​ ​မြေရိုင်း​များ​လုပ်ပိုင်ခွင့်​၊​ အသုံး​ပြုခွင့်​နှင့်​စပ်လျဉ်း​၍ စည်း​ကမ်း​ သတ်မှတ်ချက်များ​” အခန်း​ကို ​လေ့​လာကြည့်​တဲ့​အခါ စက်မှုကုန်ကြမ်း​သီး​နှံ စိုက်ပျိုး​ရေး​အတွက် ရင်း​နှီး​မြှုပ်နှံချင်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ကြီး​တွေအတွက် အခွင့်​အလမ်း​တွေ ​ပေး​ထား​တာ ​တွေ့​ရပါလိမ့်​မယ်။ ဥပမာ ရာဘာနဲ့​ ဆီအုန်း​ကဲ့​သို့​ နှစ်ရှည်စက်မှုကုန်ကြမ်း​သီး​နှံပင်​တွေ စိုက်ပျိုး​ချင်ရင် ဥပ​ဒေပုဒ်မ ၁၀ (က) မှာ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေကို တကြိမ်လျှင် ဧက ၅ ​ထောင် အထိ လုပ်ကိုင်ခွင့်​ပြုပြီး​ ထိုပမာဏာရဲ့​ ၇၅ ရာခိုင်နှုန်း​ စိုက်ပျိုး​ပြီး​ပါက ​နောက်ထပ် ဧက ၅ ​ထောင် ထပ်မံ တိုး​ချဲ့​စိုက်ပျိုး​နိုင်ပြီး​ ထိုနည်း​နဲ့​ ဧက ၅ ​သောင်း​အထိ တိုး​ချဲ့​စိုက်ပျိုး​ခွင့်​ပေး​ထား​တဲ့​အတွက် ဒီ​လောက်များ​ပြား​တဲ့​ ​မြေဧကကို ပိုင်ဆိုင် လုပ်ကိုင်နိုင်ဖို့​ဆိုရင် ဆင်း​ရဲတဲ့​မြန်မာနိုင်ငံမှာ လက်ချိုး​ရေတွက်နိုင်တဲ့​ အ​မေရိကန်​ဒေါ်လာ သန်း​ချီကြွယ်ဝချမ်း​သာကြတဲ့​ ခရိုနီ (Crony) စီး​ပွား​ရေး​သမား​ကြီး​တွေပဲ ရင်း​နှီး​မြှုပ်နှံနိုင်မှာပါ။ အဲ့​ဒီဥပ​ဒေရဲ့​ ပုဒ်မ ၁၀ (က) မှာပဲ ​ကျေး​လက်​နေ ​တောင်သူလယ်သမား​တွေ တနိုင်တပိုင် လုပ်ပိုင်ခွင့်​အတွက် ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​ ဧက ၅၀ ထက်မပိုဘဲ ခွင့်​ပြုထား​ပါတယ်။ နဂိုက ဆင်း​ရဲလွန်း​တဲ့​ဘဝမှာ ​နေကြရတဲ့​ ​တောင်သူလယ်သမား​များ​အဖို့​ ​မြေရိုင်း​ ဧက ၅၀ ​လောက်ကို ခုတ်ထွင်ရှင်း​လင်း​ပြီး​ စိုက်ပျိုး​မြေအဖြစ် ​ပြောင်း​လဲနိုင်ဖို့​ရာ လိုအပ်တဲ့​ ​ငွေ​ကြေး​နဲ့​ ပစ္စည်း​ကိရိယာ​တွေအတွက် အရင်း​အနှီး​ရရှိဖို့​ အလွန်ခက်ခဲပါလိမ့်​မယ်။ ဒီ​နေရာမှာ လက်​တွေ့​ဖြစ်ရပ်​တွေနဲ့​ နှိုင်း​ယှဉ် ဆင်ခြင်သုံး​သပ်သင့်​တဲ့​ အချက်​တွေ ရှိလာပါတယ်။ စက်မှုဇုန်​တွေ အထူး​ စီး​ပွား​ရေး​ဇုန်​တွေ​ဖော်​ဆောင်ဖို့​ ဆင်း​ရဲချို့​တဲ့​စွာ ရုန်း​ကန်​နေကြတဲ့​ နိုင်ငံသား​လူအများ​စု ​တောင်သူလယ်သမား​တွေပိုင်ဆိုင်တဲ့​ ​မြေယာ​တွေကို မသိမ်း​ယူဘဲ ​ငွေပင်​ငွေရင်း​အင်အား​ အလွန်တရာကြီး​မား​တဲ့​ ပြည်တွင်း​ပြည်ပက ရင်း​နှီး​မြှုပ်နှံသူ​တွေ အကူအညီနဲ့​ တိုင်း​ပြည်ရဲ့​နေရာအနှံ့​မှာ အသုံး​မပြုရ​သေး​တဲ့​ ​မြေလွတ် ​မြေလပ်နဲ့​ ​မြေရိုင်း​တွေကို အသုံး​ပြုတဲ့​နည်း​ကို အစိုး​ရက ဘာလို့​ မ​ရွေး​ချယ်ခဲ့​တာလဲ။ အ​ဖြေက ရှင်း​ပါတယ်။ စက်မှုလုပ်ငန်း​ရှင်ကြီး​တွေဟာ စီး​ပွား​ရေး​အရ အကျိုး​အမြတ် ကြီး​ကြီး​မား​မား​ရရှိမယ့်​ ​နေရာမှာပဲ ရင်း​နှီး​မြှုပ်နှံချင်ကြပါတယ်။ သူတို့​တည်​ထောင်မယ့်​ စက်မှုလုပ်ငန်း​ကြီး​တွေဟာ ​ဒေါ်လာ သန်း​ပေါင်း​များ​စွာ ရင်း​နှီး​မြှုပ်နှံရမှာ ဖြစ်သလို ထွက်ရှိလာမယ့်​ စက်မှုထုတ်ကုန်​တွေကို ​ဈေး​ကွက်တင်ပို့​ဖို့​ လမ်း​ပန်း​ဆက်သွယ်​ရေး​ လွယ်ကူတဲ့​နေရာ ဖြစ်ရမယ် ဆိုတဲ့​ အချက်ကလည်း​ အ​ရေး​ကြီး​ပါတယ်။ အဲ့​လို​နေရာ​တွေဟာ ​မြေဩဇာ​ကောင်း​မွန်ပြီး​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေ ဖြစ်ထွန်း​နေပြီဖြစ်တဲ့​ ​နေရာ​တွေဖြစ်​တော့​ လယ်ယာ​မြေသိမ်း​ပိုက်မှု​တွေ ဖြစ်​ပေါ်လာရပါတယ်။ ဒီဖြစ်ရပ်​တွေကို ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်၊​ ​ကျောက်ဖြူအထူး​စီး​ပွား​ရေး​ဇုန်နဲ့​ သီလဝါအထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ အထင်အရှား​ ​တွေ့​နေရပါတယ်။ ဒါ​ကြောင့်​ အစိုး​ရရဲ့​ စက်မှုဖွံ့​ဖြိုး​ရေး​မူဝါဒနဲ့​ ​မြေယာစီမံခန့်​ခွဲ​ရေး​မူဝါဒ​တွေ​ကြောင့်​ ​ကျေး​လက်လူမှုအဖွဲ့​အစည်း​တွေ မတည်မငြိမ်ဖြစ်လာ​နေတာကို သုံး​သပ် ​တွေ့​ရှိရမှာဖြစ်ပါတယ်။ မိမိတို့​ရဲ့​ လယ်ယာ​မြေ​တွေ အသိမ်း​ခံလိုက်ရတဲ့​ ​တောင်သူလယ်သမား​တွေ လယ်မဲ့​ယာမဲ့​ဖြစ်ပွား​မှု တိုး​ပွား​လာ​နေပြီး​ အဲ့​ဒီသူ​တွေဟာ ​နောက်ထပ် ​မြေယာပိုင်ဆိုင်နိုင်ဖို့​အတွက် ​နေရာ​ပြောင်း​ရွှေ့​ အ​ခြေချပြီး​ ​မြေရိုင်း​တွေ ​ဖော်ထုတ်လုပ်ကိုင်စား​သောက်ဖို့​ အရင်း​အနှီး​မရှိကြပါဘူး​။ ရလဒ်အ​နေနဲ့​ သူတို့​ကျွမ်း​ကျင်တဲ့​ လယ်ယာလုပ်ငန်း​ခွင်မှာ လုပ်ကိုင်ခွင့်​မရ​တော့​တဲ့​အခါ ရရာအလုပ်ရှာ​ဖွေလုပ်ကိုင်ဖို့​ ​ကျေး​လက်က​နေ မြို့​ပေါ်ကို​ပြောင်း​ရွှေ့​ အ​ခြေချမှု​တွေ ဖြစ်လာကြပါတယ်။ ထို့​အတူ အသစ်​ဖော်ထုတ်လိုက်တဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ အလုပ်အကိုင် အခွင့်​အလမ်း​ရှာ​ဖွေဖို့​ အတတ်ပညာတခုခု ကျွမ်း​ကျင်မှုရှိတဲ့​ မြို့​နေလူတန်း​စား​တွေလည်း​ အထူး​စီး​ပွား​ရေး​ဇုန်​တွေဆီ ​ပြောင်း​ရွှေ့​အ​ခြေချမှု​တွေ ကြုံ​တွေရမှာ ဖြစ်ပါတယ်။ ဒီလို စက်မှုဇုန်​တွေနဲ့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေ ​ဖော်​ဆောင်မှုရဲ့​ ​နောက်ဆက်တွဲ အကျိုး​ဆက်အ​နေနဲ့​ ​ကျေး​လက်နဲ့​ မြို့​ပြအကြား​ လူ​တွေ အစုလိုက် ​ရွှေ့​ပြောင်း​ကြလို့​ ဖြစ်​ပေါ်လာတဲ့​ လူမှု​ရေး​ပြဿနာ​တွေကို အိမ်နီး​ချင်း​ တရုတ်နဲ့​ ထိုင်း​နိုင်ငံ​တွေမှာ လွန်ခဲ့​တဲ့​ ဆယ်စုနှစ်​တွေအတွင်း​ ကြုံ​တွေ့​ခဲကြသလို လက်ရှိမှာလဲ ကြုံ​တွေ့​နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအ​နေနဲ့​ အိမ်နီချင်း​နိုင်ငံ​တွေက သင်ခန်း​စာ​တွေကို ​လေ့​လာသင်ယူပြီး​ တည်ငြိမ်တဲ့​ လူမှုအဖွဲ့​အစည်း​တရပ်​ဖော်​ဆောင်ဖို့​ နည်း​လမ်း​သစ်​တွေ ရှာရမယ့်​အချိန် ​ရောက်​နေပါပြီ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024