Homeသတင်းဓာတ်ပုံ
ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲနှင့် သီချင်းဆိုပွဲ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ (ဓာတ်ပုံ)
ငြိမ်းချမ်းရေး ကဗျာရွတ်ပွဲနှင့် သီချင်းဆိုပွဲ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
February 8, 2018
ပြည်သူလူထုကို ငြိမ်းချမ်းရေး အသိပေးဖို့နဲ့ လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေ သိရှိအောင် ငြိမ်းချမ်းရေးကဗျာရွတ်ပွဲနဲ့ သီချင်းဆိုပွဲကို ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံ စာရေးဆရာများကလပ်က ဦးဆောင်ပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်တာ ဖြစ်ပြီး ဆရာမသန်းမြင့်အောင်၊ ဒေါက်တာခင်မောင်ညို၊ စာရေးဆရာဆောင်းဝင်းလတ်တို့ ပါဝင်ကာ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ကဗျာတွေ ရွတ်ဆိုခဲ့ပါတယ်။