တမူးမြို့ နန်းဖာလုံဈေးမီးလောင်၊ ဆိုင်ခန်းပေါင်း ၅၀ကျော်မီးလောင်ဆုံးရှုံး
DVB
·
February 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ နန်းဖာလုံဈေးမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၀နာရီ ကျော်က နေအိမ်ကတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဈေးအနီးက လူနေအိမ် ၆လုံးအပါအဝင် ဈေးဆိုင်ခန်း ၅၃ ခန်း မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှုကို တမူးမြို့က မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၁စီးနဲ့ အိန္ဒိယဖက်က မီးသတ်ယာဉ် ၁စီးတို့ ၃နာရီကြာလောက် ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန ကနဦးသတင်းတွေအရ သိရပါတယ်။